A d v e r t i s e m e n t With Us

တူရကီထိုးစစ်ဆင်နေသည့် ဆီးရီးယားမြောက်ပိုင်းသို့ အစိုးရတပ်စေလွှတ်မည့်အပေါ် ပြည်သူများကြိုဆို

တူရကီ ထိုးစစ်ဆင်နေတဲ့ ဆီးရီးယားမြောက်ပိုင်းကို အစိုးရတပ်တွေ စေလွှတ်မယ့်  ဆုံးဖြတ်ချက်ကို အောက်တိုဘာ ၁၃ ရက်မှာ ဆီးရီးယားမြောက်ပိုင်း ဟာဆာကီမြို့ ပြည်သူတွေ က    ကြိုဆိုခဲ့ပါတယ်။     ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်အစိုးရအဖွဲ့နဲ့ သဘောတူညီချက်ယူပြီး မြောက်ပိုင်း တူရကီနယ်စပ်တလျှာက် ဆီးရီးယားအစိုးရတပ်တွေ ချသွားမှာလည်း ဖြစ်ပါတယ်။ အစိုးရတပ်တွေ ဖြန့်ကြက်တာက တူရကီ ကျူးကျော်တာကို တန်ပြန်ရာမှာ SDF     ကာ့ဒ်တပ်ဖွဲ့ဝင်တွေကို အထောက်အကူဖြစ်မယ်လို့ ကာ့ဒ်အစိုးရအဖွဲ့က ဆိုပါတယ်။   နောက်ပြီး ဒီလို အစိုးရတပ်တွေ ချထားတာက အာဖင်လို တူရကီ သိမ်းပိုက်ထားတဲ့ ဆီးရီးယားမြို့တွေကို လွတ်မြောက်စေမယ်လို့လည်း ကာ့ဒ်အစိုးရ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up