A d v e r t i s e m e n t With Us

ဟောင်ကောင် ဆန္ဒပြသူများ လွတ်လပ်ရေးရုပ်တုကို တောင်ကုန်းပေါ် တင်ဆောင်

ဟောင်ကောင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေဟာ အောက်တိုဘာ ၁၃ ရက်က  ရှော့ပင်းမောလ်တွေမှာ ဆန္ဒပြပွဲတွေ လုပ်ပြီးနောက် လွတ်လပ်ရေးရုပ်ထုကို မြို့အထက်   တောင်ကုန်းတခုပေါ် တင်ဆောင်ခဲ့ပါတယ်။   အဲဒီလို  ဆန္ဒပြရာမှာ   ဟောင်ကောင် လွတ်မြောက်ရေးလို့ ကြွေးကြော်ခဲ့ပြီး ရဲတွေက လာရောက်လူစုခွဲခဲ့ပါတယ်။   ဆန္ဒပြသူတချို့ ဖျက်ဆီးတာတွေ ရှိလို့  ရဲတပ်ဖွဲ့က အများအပြားကို ဖမ်းဆီးခဲ့ပေမယ့် ဆန္ဒပြပွဲ အများစုကတော့  ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့ပါတယ်။     အောက်တိုဘာ ၃၁ ရက် မနက်အစောပိုင်းက  ဆန္ဒပြသူတွေဟာ ခြင်္သေ့ကျောက်ဆောင်ဆိုတဲ့ တောင်ထိပ်ပေါ်ကို လွတ်လပ်ရေးရုပ်တု သယ်ဆောင်ခဲ့ပါတယ်။   အဲဒီ လွတ်လပ်ရေးရုပ်တုကို ဆန္ဒပြကျောင်းသားတွေက ပေပေါင်း ၁၅၀၀ မြင့်တဲ့  တောင်ထပ်ပေါ်ကို ညဘက်တင်ဆောင်ခဲ့တာပါ။     ၉ ပေ မြင့်တဲ့ အဲဒီရုပ်တုဟာ ဓာတ်ငွေ့ကာ မျက်နှာဖုံး၊ ဦးထုပ်နဲ့  မျက်မှန်တပ်ထားတဲ့ လူငယ် ရုပ်တု ဖြစ်ပြီး ရုပ််တုမှာ စာတန်းတခု ချိတ်ဆွဲထားပါတယ်။  အဲဒီ စာတန်းကတော့  ကျနော်တို့ခေတ် တော်လှန်ရေး   ဟောင်ကောင် လွတ်မြောက်ရေး ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up