ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန် စိန်ခေါ်သူ ဘရန်ဒန်ဗီရာကို အလဲထိုး အနိုင်ယူ

947
ONE Championship ရဲ့ ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်က စိန်ခေါ်သူ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာကို ဒုတိယအချီမှာ အလဲထိုး အနိုင်ရရှိပြီး လိုက်ဟဲဗီးဝိတ်ချန်ပီ ယံခါးပတ်ကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့က MMA သမိုင်းတလျှောက် အကြီးကျယ်ဆုံးပွဲအဖြစ် ကျင်းပခဲ့တာပါ။
ဒုတိယအချီ ၃ မိနစ်လောက်မှာ အောင်လအန်ဆန်းရဲ့ မထင်မှတ်တဲ့ ညာတံတောင်ရိုက်ချက်ဟာ ဗီရာကို မြေပြင်ပေါ် လဲကျအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ လဲကျသွားချိန်မှာတော့ အောင်လအန်ဆန်က ဗီရာရဲ့မျက်နှာကို ပွဲသိမ်းလက်သီးချက်တွေ ပစ်သွင်းပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။
မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ၃ ကြိမ်ကာကွယ်ထားခဲ့တဲ့ အောင်လအန်ဆန်းကတော့ အခု လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်ပြီး ဂျပန်မြေမှာ ဒုတိယအကြိမ် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အောင်လအန်ဆန်က ပရိသတ်တွေကို အရမ်းချစ်ပြီး ဆက်ကြိုးစားမယ်လို့ ဒီဗွီဘီကို ပြောဆိုသွားပါတယ်။