စပိန်အမျိုးသားနေ့ စစ်ရေးပြပွဲတွင် လေထီးသမား ဓာတ်တိုင်ဝင်တိုက် (ရုပ်သံ)

933
စပိန်အမျိုးသားနေ့ စစ်ရေးပြပွဲအတွင်း လေထီးသမားတယောက် ဓာတ်တိုင်နဲ့ တိုက်မိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၂ ရက်က လေထီးခုန်ဆင်းတဲ့ လေထီးသမားဟာ အဆင်းမှာ အချိန်အဆ မှားယွင်းပြီး ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ပြီးနောက် တွဲလောင်းဖြစ်ခဲ့တာပါ။
စပိန်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားကို ဘုရင် ဖိလစ်နဲ့ ယာယီ ဝန်ကြီးချုပ် ပီဒရိုဆန်းချက်တို့ တက်ရောက်ကြည့်ရှုခဲ့ပါတယ်။
ဒီအချိန်ဟာ ကာတာလန် ခွဲထွက်ရေးခေါင်းဆောင် ၁၂ ယောက်ကို စပိန်တရားရုံးချုပ်ကနေ စီရင်ချက်ချမှတ်မှာကို စောင့်စားနေချိန်လည်း ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ကာတာလိုးနီးယားဒေသမှာ တားမြစ်ထားတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး တဖက်သတ် လွတ်လပ်ရေး ကြေညာခဲ့မှုနဲ့ ကာတာလန် ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
ရုပ်သံ - euro news