A d v e r t i s e m e n t With Us

၁၂ နှစ်ကြာမှ ပိုင်ရှင်နဲ့ပြန်လည် ဆုံစည်းခွင့်ရခဲ့တဲ့ သနားစရာခွေးကလေး

ပိုင်ရှင်ဖြစ်သူထံကနေ ၁၂ နှစ်ကြာပျောက်ဆုံးသွားခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် တယ်ရီယာခွေးမလေးဟာ နောက်ဆုံးမှာတော့ သူ့ပိုင်ရှင်နဲ့ ပြန်လည် ဆုံစည်းခွင့်ရခဲ့ပြီလို့ UPI သတင်းမှာဖော်ပြပါတယ်။  ဒုချက်လို့ခေါ်တဲ့ ဒီခွေးမလေးဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ သူမပိုင်ရှင်ဖြစ်တဲ့ ကတ်သရင်းစတိမ်းရဲ့ ဖလော်ရီဒါနေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး အဲဒီကတည်းက သူမနဲ့ပတ်သက်တဲ့ အကြောင်းအရာမှန်သမျှကို စတိမ်းတို့မိသားစုက ထပ်မကြားခဲ့ရတော့ပါဘူး။  ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ လမ်းပေါ်လေလွင့်ပြီး အာဟာရပျက်နေတဲ့ ဒုချက်ကို တစုံတယောက်ကတွေ့ရှိပြီး တိရစ္ဆာန်စောင့်ရှောက်ရေး စခန်းတခုကို သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။  “အဖြူ၊ အညိုနဲ့ အနက်ရောင်ရှိတဲ့ ဒီခွေးမလေးဟာ စခန်းကိုရောက်ရောက်ချင်းမှာ ကြောက်လန့်နေခဲ့ပါတယ်” လို့ စောင့်ရှောက်ရေးစခန်းရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။ စခန်းကိုရောက်လာပြီး ဒုချက်ကိုလိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီချိန်မှာ သူမမှာ မိုက်ခရိုချပ်စ်ပြား တက်ဆင်ထားတာကို တွေ့ရပြီး အဲဒီကနေတဆင့် သူမရဲ့သခင် အစစ်အမှန်ဖြစ်တဲ့ စတိမ်းကို ဆက်သွယ်နိုင်ခဲ့ပါတယ်။ စောင့်ရှောက်ရေစခန်းရဲ့ ဆက်သွယ်မှုကိုရရှိခဲ့ပြီးချိန်မှာ စတိမ်းဟာ သူမနေ ထိုင်ရာကနေ ၂ ရက်ကြာကားမောင်းရတဲ့ ပစ်စဘာ့ဂျ်က စောင့်ရှောက်ရေးစခန်းကို ရောက်ရှိလာခဲ့ပြီးနောက် ဆုံးမှာတော့ ဒုချက်နဲ့ ပြန်လည်စုံဆည်းခွင့်ရခဲ့ပါတယ်။  “ပြီးခဲ့တဲ့ ၁၂ နှစ်တာကလရဲ့တရက်မှာ ကျောင်းက ပြန်လာတဲ့ကျမရဲ့သားက တံခါးကို ပြန်ပိတ်ဖို့ မေ့သွားခဲ့ပါတယ်။ အဲဒီနောက်မှာ ကျမတို့ဟာ ဒုချက်ကို  နောက်တကြိမ်ထပ် မတွေ့ရတော့ပါဘူး။ သူမရှိတဲ့နောက်ပိုင်း ကျမဟာ ညဘက်တွေမှာငိုခဲ့ရပြီးတော့ သူအခုချိန်ထိ အသက်ရှင်နေဆဲဖြစ်တာကိုက ကျမကို အရမ်းစိတ်လှုပ်ရှားစေခဲ့ပါတယ်” လို့လည်း စတိမ်းက  ပြောပါတယ်။  “ကျမသူရဲ့ မိုက်ခရိုချပ်စ်ကို နှစ်တိုင်းသက်တမ်းတိုးခဲ့ပါတယ်။ တနေ့နေ့သူမကိုပြန်တွေ့ ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ အခုတော့ ကျမတို့ ပြန်လည်ဆုံးစည်းနိုင်ခဲ့ပါပြီ” လို့လည်း စတိမ်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up