A d v e r t i s e m e n t With Us

မြန်မာ့ရုပ်ရှင်နေ့နှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပ

၉၉ ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၂ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကျင်းပခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်နေ့နဲ့ အနုပညာရှင် သက်ကြီးပူဇော်ပွဲကို အနုပညာရှင်သက်ကြီး စိစစ်ရေးကော်မတီက ဦးဆောင် ပြုလုပ်ခဲ့တာပါ။ ဒီနှစ်အတွက် အကန်တော့ခံ သက်ကြီးအနုပညာရှင် ၁၆၅ ဦးရှိပြီး ကျန်းမာရေး အခြေအနေကြောင့် မလာရောက်နိုင်တဲ့ အနုပညာရှင်တွေကို အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ကြမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။ သက်ကြီးအနုပညာရှင်တွေ ပူဇော်ကန်တော့ပွဲကို ရန်ကုန်မြို့ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဖိတ်ကြားထားသူ တက်ရောက်ပြီး သက်ကြီးအနုပညာရှင် အဘိုး အဘွားတွေကို ကန်တော့ခဲ့ပါတယ်။ ကိုယ် မှားခဲ့တာလေးတွေကို ကန်တော့ပြီး တောင်းပန်ဖို့ အခုလို သက်ကြီးအနုပညာရှင် ကန်တော့ပွဲအခမ်းအနား တက်ရောက်ခဲ့တာလို့ သရုပ်ဆောင် မိုးအောင်ရင်က ပြောပါတယ်။ ကန်တော့ခံ သက်ကြီးအနုပညာရှင်တွေ တဦးကို ၂ သိန်း ၄ သောင်းနဲ့ ဆေးဝါးစားသောက်ကုန်ပစ္စည်း ၈၀ ကျော်ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။  ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်နေ့က မေတ္တာနဲ့သူရာ ရုပ်ရှင်ဇာတ်ကားပြသတဲ့နေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာတာ အခုဆိုရင် ၉၉ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ - Ye Myo Khant / MPA

A d v e r t i s e m e n t With Us

More News
Up