Home
မြန်မာသတင်း
အင်းတော်တွင် စိတ်ကြွဆေးပြား ၁ သိန်းကျော် ဖမ်းဆီးမိ
DVB
·
October 13, 2019
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ အောက်တိုဘာ ၁၂ ရက်နေ့က စိတ်ကြွဆေးပြား ၁ သိန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း နန့်မကျိုင်းကျေးရွာ လမ်းဆုံမှာ အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ ဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ အင်းတော်ဘက်ကနေ မိုးညှင်းဘက် ကျိန်ချင်လင် မောင်းနှင်ပြီး ကျိန်ချမ်းလှိုင်နဲ့ အားနိုင်တို့  လိုက်ပါလာတဲ့ MDY 1F/×××× Hilux Surf ယာဉ်အား စစ်ဆေးရာမှ ဆီတိုင်ကီအတွင်း ပလတ်စတစ်အိတ်တွေနဲ့ ထည့်ထားတဲ့ 88/1 စာတမ်းပါ စိတ်ကြွဆေးပြား ၁၂၄၂၀၀ ပြား၊ ဖုန်း ၄ လုံး၊ ငွေကျပ် ၆ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ စိတ်ကြွဆေးတွေနဲ့ ဖမ်းဆီးမိခဲ့တဲ့ ကျိန်ချင်လင်အပါအဝင် ၃ ဦး (ဖမ်းမိ) အား အင်းတော်မြို့မရဲစခန်း မယ(ပ)၁၀၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ နဲ့ အမှုဖွင့်ဆောင် ရွက်ထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024