လီဗာပူးက ခံစစ်သမား လောဗရန် နေရာ အစားထိုးရန် ဘရိုက်တန် ကစားသမားကို ခေါ်ယူမည်

1K
လီဗာပူးအသင်းဟာ လက်ရှိဗဟိုခံစစ်မှူး ဒီဂျန်လော်ဗရန် ရဲ့နေရာမှာ အစားထိုးဖို့ ဘရိုက်တန်အသင်းရဲ့ အသက် ၂၁ အရွယ် ဗဟိုခံစစ်မှူး ဘန်ဝှိုက်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဝှိုက်ဟာ လတ်တလောမှာတော့ လိဒ်ယူနိုက်တက်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေခဲ့ပြီး သြဂုတ်လအတွက် ချန်ပီယံရှစ်အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ထိပ်သီး လီဗာပူးအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ နည်းပြ ဂျာဂျင်ကလောပ့်က မာတစ်ပ်နဲ့ ဗန်ဒိုက်တို့ကို အဓိက ပွဲထွက်ကစားသမားတွေအဖြစ် ရွေးချယ်ထားပေမယ့် ဒဏ်ရာပြဿနာရှိလာခဲ့ရင် အစားထိုးနိုင်မယ့် ကစားသမား မရှိတာကြောင့် ခေါ်ယူလိုတာလည်း ဖြစ်ပါတယ်။
ဂျိုးဂိုးမက်ဇ်ဟာလည်း ဗဟိုခံစစ်မှူးတဦးဖြစ်ပေမယ့် အခုရာသီမှာ ခြေစွမ်းပြထားနိုင်ခြင်း မရှိတာကြောင့် လိဒ်စ်အသင်းမှာ အငှားချထားတဲ့ ဘရိုက်တန် လူငယ်ခံစစ်မှူးကို အရခေါ်သွားဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဘန်ဝှိုက်ကို အန်ဖီးလ်ဆီအရောက် ခေါ်ယူနိုင်ဖို့ ဆိုရင်တော့ ပေါင်သန်း ၂၀ လောက် အနည်းဆုံး အသုံးပြုသွားရဖို့ ရှိနေပါတယ်။