တူရကီ ထိုးစစ်ကြောင့် ဆီးရီးယား သူပုန်များ တဲအဘ်ယတ်မြို့သို့ ဝင်ရောက်

1.3K
ကာ့ဒ်စစ်သွေးကြွတွေအပေါ် တူရကီထိုးစစ် ၄ ရက်မြောက်နေ့မှာတော့ တူရကီ ကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်တွေဟာ တဲအဘ်ယတ်မြို့ဆီ ဝင်ရောက်လာခဲ့ကြပါတယ်။
အမေရိကန်က တူရကီထိုးစစ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ကြီးကြီးမားမား ထိခိုက်စေပြီး အရေးယူ ဒဏ်ခတ်ခံရနိုင်တယ်လို့ ပြောဆိုကာ တူရကီကို ထိုးစစ်ရပ်ဆိုင်းဖို့ စည်းရုံးကြိုးပမ်းနေပါတယ်။
အဲဒီ ကာ့ဒ်စစ်သွေးကြွတွေကို အမေရိကန်က ကျောထောက်နောက်ခံပေးထားပြီး ကာ့ဒ်တွေနဲ့ အတူတိုက်ပွဲဝင်တဲ့ အမေရိကန်တပ်တွေကို ရုပ်သိမ်းပြီးနောက်မှာ တူရကီက ထိုးစစ်ဆင်ခဲ့တာပါ။
အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ SDF ကာ့ဒ်တပ်ဖွဲ့က တူရကီ ထိုးစစ်ဟာ အိုင်အက်စ်အဖွဲ့ကို အသက်ပြန်သွင်းတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဒါ့အပြင် အိုင်အက်စ်အဖွဲ့ကို ကူညီတိုက်ပေးတဲ့ မဟာမိတ်နိုင်ငံတွေကိုလည်း သူတို့လေပိုင်နက်ထဲ တူရကီ စစ်လေယာဉ်တွေ ဖြတ်သန်းခွင့် မပြုဖို့တောင်းဆိုလိုက်ပါတယ်။
SDF ကာ့ဒ်တပ်ဖွဲ့ အကြီးတန်းပုဂ္ဂိုလ်က အိုက်အက်စ် အဖွဲ့ချေမှုန်းရေး စစ်ဆင်ရေးမှာ မဟာမိတ်အဖွဲ့တွေကို ၄ နှစ်လုံးလုံး ကာကွယ်ပေးတဲ့ ကာ့ဒ်တိုက်ခိုက်ရေးသမားတွေဟာ အခုတော့ မဟာမိတ်တွေရှေ့တင် တူရကီထိုးစစ်ကြောင့် သေဆုံးနေရတယ်လို့ ပြောခဲ့ပါတယ်။
တူရကီထိုးစစ်ကြောင့် အရပ်သား ၃၀ လောက် သေဆုံးတယ်လို့လည်း စစ်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။