A d v e r t i s e m e n t With Us

ရှန်ဟိုင်းမာစတာပြိုင်ပွဲတွင် နာမည်ကြီး ဖက်ဒရာနှင့် ဂျိုကိုဗစ်တို့ ရှုံးနိမ့်

ATPရဲ့ ရှန်ဟိုင်းမာစတာပြိုင်ပွဲမှာတော့ နာမည်ကြီး တင်းနစ်ကစားသမားတွေဖြစ်တဲ့ ဖက်ဒါရာနဲ့ ဂျိုကိုဗစ်တို့ကတော့ ပြိုင်ဘက်ကစားသမားတွေကို အသီးသီးရှုံးနိမ့်ခဲ့လို့ ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့်တစ် ဂျိုကိုဗစ်ကတော့ အဆင့် ၇ နေရာကနေ စတက်ဖနို ဆစ်ဆီပတ်စ်ကို ရှုံးနိမ့်ခဲ့သလို ကမ္ဘာ့အဆင့် ၃ ဖက်ဒါရာကတော့ အဆင့် ၆ နေရာက ဂျာမန်တင်းနစ်ကစားသမား ဇီဗေးရက်ဗ်ကို ရှုံးနိမ်ခဲ့တာပါ။  ဇီဗေးရက်ဗ်နဲ့ ဆစ်ဆီပတ်စ်တို့ဟာ ပြီးခဲ့တဲ့ ဝင်ဘယ်ဒန်နဲ့ ဂျာမန်အိုးပင်းကစတင်ပြီးတော့ လက်စွမ်းပြလာနိုင်တဲ့ လူငယ်ကစားသမားတွေဖြစ်ပြီး ဆယ်စုနှစ်နှစ်ခုနီးပါးလောက် လွှမ်းမိုးထားနိုင်ခဲ့တဲ့ ဖက်ဒါရာ၊ နဒါးလ်၊ ဂျိုကိုဗစ်တို့ရဲ့ နေရာတွေကို အစားထိုးဝင်ရောက်နိုင်မယ့် တက်သစ်စကစားသမားတွေအဖြစ်လည်း ဖော်ပြခံထားရပါတယ်။

A d v e r t i s e m e n t With Us

More News
Up