နှစ် ၆၀ အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ဂျပန်ဝင်ရောက် ၂ ဦး သေဆုံး၊ ၆၀ ခန့် ဒဏ်ရာရ

992
ဂျပန်နိုင်ငံမှာ အောက်တိုဘာလ ၁၂ ရက်က နှစ်ပေါင်း ၆၀ အတွင်း အားအပြင်းဆုံး တိုင်ဖွန်း ဟာဂီဘိစ် ဝင်ရောက်ခဲ့တာကြောင့် လူ ၅ ယောက် သေဆုံးပြီး ၁၁ ယောက် ပျောက်ဆုံးနေတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
ရိုက်တာသတင်းမှာတော့ လူ ၆၀ လောက် ဒဏ်ရာရပြီး ၆ သန်းကျော်ကို ဘေး လွတ်ရာပြောင်းဖို့ အကြံပြုထာေတယ်လို့ သိရပါတယ်။
ဖိလစ်ပိုင် တက်ဂလာ့ဘာသာစကားနဲ့ အမြန်နှုန်းလို့အဓိပ္ပာယ်ရတဲ့ တိုင်ဖွန်း ဟာဂီဘိစ်ဟာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ဟွန်ရှူးကျွန်းမကြီးကို ဝင်ရောက်ခဲ့ပါတယ်။
ဒါကြောင့်မို့ မြစ်ရေလျှံတာတွေ ဖြစ်ပြီး မြေနိမ့်ပိုင်း တိုကျိုမြို့မှာ ရေကြီးမယ့် အန္တရာယ် ကြုံတွေ့နေရပါတယ်။
တိုင်ဖွန်း ဟာဂီဘိစ်ကြောင့် ဒေသအတော်များများ စံချိန်တင်မိုးကြီးခဲ့ပြိး အဲဒီထဲမှာ နာမည်ကျော် ဟာကိုနဲ အပန်းဖြေစခန်းမြို့လည်း ပါဝင်ပါတယ်။ အဲဒီမြို့မှာ ၂၄ နာရီ ကျော်အတွင်း မိုးရေချိန် ၃၇ လက်မ ရွာခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
တိုင်ဖွန်း ဟာဂီဘိစ်ကို “အလွန်ပြင်းထန်တဲ့ မုန်တိုင်း” အဖြစ် မိုးလေဝသအရာရှိတွေက သတ်မှတ်ထားပြီး လူပေါင်း ၁၂၀၀ လောက်အထိ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၅၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းလို အသွင်တူနေတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး အသက်ဆုံးရှုံးရမှု မဖြစ်ရအောင် ကာကွယ်ကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို မုန်တိုင်းမတိုက်ခင်က သတိပေးထားပါတယ်။