A d v e r t i s e m e n t With Us

ရွှေဘိုမြို့သမိုင်းဝင် မော်ဓောမြင်သာ မြို့ထောင့်စေတီကို ဆီမီး ၉၀၀၀ ပူဇော်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရဲ့ သမိုင်းဝင် မော်ဓောမြင်သာ မြို့ထောင့်စေတီတော်မြတ်ကို သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ ညပိုင်းမှာ ဆီမီး ၉၀၀၀ ပူဇော်ပွဲ ပြုလုပ်ခဲ့ပါတယ်။  ဆီမီးပူဇော်ပွဲကို မြို့ထောင့်စေတီ ဘုရားဂေါပကအဖွဲ့က ဦးဆောင်ကာ‌‌ ရွှေဘိုမြို့သူမြို့သားတွေးရဲ့  ကုသိုလ်ပါဝင်မှုနဲ့ ၂၀၁၅ ခုနှစ်က စတင်ပြီး နှစ်စဉ်ကျင်းပခဲ့တာပါ။  မော်ဓောမြင်သာ မြို့ထောင့်စေတီဟာ အလောင်းမင်းတရားကြီးဦးအောင်ဇေယျ ဟံသာဝတီ(ပဲခူး)မှာ နေထိုင်တုန်း ဖူးမြော်ခဲ့ရတဲ့ ရွှေမော်ဓောဘုရားကို ကြည်ညိုသဒ္ဓါပွားလွန်းလို့ ရွှေဘိုကို ပြန်ရောက်ချိန် ၁၁၁၉ ခုမှာ ရွှေမော်ဓောဘုရားနဲ့ ပုံစံတူစေတီ တည်ထားကာ မော်ဓောမြင်သာလို့ ဘွဲ့တော်ပေးပြီး တည်ထားပူဇော်ခဲ့တဲ့ သမိုင်းဝင်စေတီတဆူလို့ သိရပါတယ်။ နှစ်စဉ် တော်သလင်းလပြည့်ကျော် ၁၀ ရက်ကနေ‌ လကွယ်နေ့အထိ အထက်မြန်မာပြည်မှာ ခြိမ့်ခြိမ့်သဲအောင် ကျင်းပရတဲ့ အစည်ကားဆုံး ဘုရားပွဲတော်ကြီးလည်း ဖြစ်ပါတယ်။ အောင်ဆန်းလင်း

A d v e r t i s e m e n t With Us

More News
Up