တိုင်ဖွန်းမုန်တိုင်းကြောင့် တိုကျိုတွင် နေအိမ် အမိုးများလွင့်စင်၊ ၁ ဦးသေဆုံး

1.9K
နှစ် ၆၀ အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်က ဂျပန်နိုင်ငံဆီကို ချဉ်းကပ် လာနေလို့ တိုကျိုတောင်ပိုင်းက ခါ့နာ့ငါ့ဝါ့ ခရိုင်ထဲမှာ ၂၄ နာရီ အတွင်း မိုးရေချိန် ၂၇ ဒသမ ၆လက်မထိ စံချိန်ကျိုးအောင် မိုးရွာသွန်းခဲ့ပါတယ်။
တိုကျိုမြို့ အရှေ့ဘက် ချိဘခရိုင်ထဲမှာလည်း လေပြင်းတွေကြောင့် အိမ်အတော်များများက အမိုးတွေ လွင့်ထွက်ကုန်ပါတယ်။
လေပြင်းကြောင့် လိမ့်ထွက်သွားတဲ့ ကားတစီးထဲက အမျိုးသားတယောက် သေဆုံးတယ်လို့ NHK သတင်းဌာနက အစီရင်ခံပါတယ်။
ဖိလစ်ပိုင်ဘာသာနဲ့ အရှိန်လို့ အဓိပ္ပာယ်ရတဲ့ တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ဟာ စနေညနေပိုင်းမှာ ဂျပန်နိုင်ငံ ဟွန်းရှူးကျွန်းမကြီးကတဆင့် ကုန်းတွင်း ဝင်ရောက်မှာပါ။
လပြည့်နေ့နဲ့ တိုက်ဆိုင်နေလို့ ဒီရေတက်ဖို့ ရှိတဲ့အတွက် တိုကျိုမြေနိမ့်ပိုင်းတွေမှာ ရေကြီးမယ့်ဘေးကို ရင်ဆိုင်နေရပါတယ်။