A d v e r t i s e m e n t With Us

ဆီးရီးယား ဒုက္ခသည် ၁ သန်းခန့် ငတ်မွတ်မှုဒဏ် ခံစားရမည်ဟု ကုလသမဂ္ဂပြော

(ဓာတ်ပံု- ရိုက်တာ)
ဆီးရီးယားနိုင်ငံ ပဋိပက္ခဖြစ်ရာနေရာတွေက လူတွေကို ထောက်ပံ့ဖို့ အခက်အခဲရှိတဲ့ အတွက် လူ ၁ သန်းလောက်ဟာ အစားအစာ ငတ်မွတ်မှုဒဏ်ကို ခံစားရမယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်က ဆီးရီးယားက လူ ၁.၅ သန်းအတွက် လစဉ် ရိက္ခာကိစ္စကို ဖြေရှင်းပေးနေပေမယ့် လူ ၂.၅ သန်းလောက်ကလည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ အဖွဲ့ပြောခွင့်ရက ပြောပါတယ်။ [caption id="attachment_35161" align="alignleft" width="150" caption="(ဓာတ်ပုံ- ရိုက်တာ)"][/caption] ထောက်ပံ့ဖို့အတွက် ပေါင်မုန့်နဲ့ လောင်စာဆီတွေလည်း ပြတ်တောက်နေသလို အစိုးရအသိအမှတ် ပြုထားတဲ့ အကူအညီပေးရေး အေဂျင်စီတွေကလည်း လုပ်ငန်းတွေ တိုးချဲ့တာ အကန့်အသတ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဂျုံစက်တွေကလည်း ပျက်စီးကုန်တဲ့အတွက် ဂျုံမုန့်တွေလည်း ပြတ်တောက်ကုန်ပါတယ်။ ဆီးရီးယားက ဒေသအတော်များများမှာ ပေါင်မုန့်ရဖို့အတွက် လူအမြောက်အမြား တန်းစီစောင့်ဆိုင်းနေတာကလည်း ပုံမှန်လိုဖြစ်နေပါတယ်။ လက်တဆုပ်စာသော အကူအညီပေးရေးအဖွဲ့တွေက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ပေမယ့် တချို့က အလုပ်သမား၊ လောင်စာနဲ့ တခြား ပစ္စည်းတွေလည်း ပြတ်တောက်ကုန် ပါတယ်။ ဆိုးဝါးလာတဲ့ လုံခြုံရေးကြောင့် ဟုမ်းစ်၊ အေလက်ပို စတဲ့ မြို့တွေကနေ ၀န်ထမ်းတွေကို ခေါ်ယူလာရတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်က ပြောပါတယ်။  

A d v e r t i s e m e n t With Us

More News
Up