A d v e r t i s e m e n t With Us

ကျောက်ဆည်မြို့ ရိုးရာ ဆင်အလှူတော်နဲ့ဆင်အကအလှပြိုင်ပွဲ (ဓာတ်ပုံ) 

၄၂ ကြိမ်မြောက် ကျောက်ဆည်မြို့ ရိုးရာ ဆင်အလှူတော်နဲ့ဆင်အကအလှပြိုင်ပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့မနက်ပိုင်းက စတင်ကာ ကျောက်ဆည်မြို့ ရွှေသာလျောင်း‌တောင်ခြေရှိ ကွင်းပြင်မှာ ကျင်းပနေပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ကျောက်ဆည်မြို့ရှိ သီတင်းကျွတ်ဆင်ပွဲဟာ အထူးထင်ရှားကျော်ကြားပါတယ်။ နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့နဲ့ လပြည့်နေ့တွေမှာ ဆင်ပွဲတော် ကျင်းပမြဲ ဖြစ်ပါတယ်။ ဝါး၊ စက္ကူတို့နဲ့ ချိုးထားတဲ့ ဆင်ရုပ်အတွင်းလူဝင်ပြီး အပြိုင်အဆိုင် တီးမှုတ်ကခုန်ကာ လှည့်လည်ကြတဲ့ ပွဲတော် ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up