A d v e r t i s e m e n t With Us

အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာလုပ်ငန်းဆုအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရွေးချယ်ခံရ

Photo : Myanmar Red Cross Society
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဟာ အမေရိကန် ကြက်ခြေနီအသင်းက ချီးမြှင့်ပေးအပ်တဲ့ အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာလုပ်ငန်းဆုအတွက် ရွေးချယ်ခံလိုက်ရပါတယ်။ အသင်းဟာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ လခြမ်းနီ လှုပ်ရှားမှုရဲ့ အခြေခံမူတွေနဲ့အညီ လူတယောက်ချင်း ဒါမှမဟုတ် အဖွဲ့လိုက်ရဲ့ လူမှုကရုဏာ တန်ဖိုးထားမှု၊ လူသားဂုဏ်သိက္ခာ တန်ဖိုးထားနိုင်မှု၊ လေးစားမှု၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အကာကွယ်ပေးတာနဲ့ ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့တာတွေကြောင့် ရွေးချယ်ခံရတာလို့ ဆိုပါတယ်။ ဆုချီးမြှင့်တဲ့ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ မတ် ၄ ရက်မှာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့က အမေရိကန်ကြက်ခြေနီအသင်းရုံးချုပ်မှာ ပေးအပ်မယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up