A d v e r t i s e m e n t With Us

ဆီးရီးယားဘက်က ပစ်ခတ်သည့် ဒုံးကျည်ကြောင့် တူရကီတွင် လူ ၈ ဦးသေ၊ ၃၅ ဦး ဒဏ်ရာရ

ဆီးရီးယား နိုင်ငံထဲက ကာဒစ်ရှ် YPG ပြည်သူ့စစ်တွေက တူရကီနိုင်ငံ ဘက်အခြမ်းမှာရှိတဲ့ နူဆေဘင်မြို့ကို မော်တာတွေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ လူ ၈ ယောက် သေဆုံးပြီး ၃၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ မာဒင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးက အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။  ဒဏ်ရာရသူတွေကို ဒေသတွင်း ဆေးရုံတွေဆီ တင်ပို့ထားပြီလို့လည်း အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။  တူရကီအစိုးရဟာ ဆီးရီးယား အရှေ့မြောက်ပိုင်း၊ အဓိကအားဖြင့် နယ်စပ်တလျှောက် တူရကီအနောက်ခြမ်းကို အာရုံစိုက်ပြီး ကာဒစ်ရှ် ပြည်သူ့စစ်တွေကို အောက်တိုဘာ ၁၁ ရက်နေ့ကစပြီး လေကြောင်းကနေရော အမြောက်တွေ ဒုံးကျည်တွေကိုပါ သုံးပြီး ထိုးစစ်ဆင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up