ပေါ့ဘာ ဒဏ်ရာကြောင့် အောက်တိုဘာလကုန်အထိ ပြန်ကစားနိုင်ရန် မသေချာ

874
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာရဲ့ ညာခြေခုံ ဒဏ်ရာဟာ မသက်သာသေးတာကြောင့် လာမယ့် အောက်တိုဘာလကုန်အထိ ပြန်ကစားနိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။
ဒါကြောင့် လာမယ့် အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကစားမယ့် လီဗာပူးအသင်းနဲ့ အင်္ဂလန် ဒါဘီပွဲမှာလည်း ပါဝင်နိုင်မှာမဟုတ်ပါဘူး။
ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကွင်းလယ် ကစားသမား ပေါလ်ပေါ့ဘာရဲ့ ဒဏ်ရာ မသက်သာတာဟာ ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့ အခက်အခဲတခု ဖြစ်လာဖွယ်ရှိပြီး နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်ကိုပါ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်သူတွေက ပြောထားပါတယ်။
ပေါ့ဘာရဲ့ဒဏ်ရာ အမှန်တကယ် ပြန်လည်သက်သာလာ၊ မလာကိုတော့ လာမယ့် ရက်သတ္တပတ် သိရမှာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ ၈ ပွဲကစား ရမှတ် ၉ မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန်အသင်းတွေနဲ့ ၂ မှတ်သာ ကွာဟနေတာပါ။