သမ္မတ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်ကို ခန့်အပ်
DVB
·
January 9, 2013
နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို တာဝန်ပေးလိုက်တယ်လို့ အစိုးရအဖွဲ့က ဇန်န၀ါရီ ၈ ရက် ရက်စွဲနဲ့ အမိန့်ကြေညာစာ ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ၂၄၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ အခုလို တာဝန်ပေးလိုက်တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အရင်က သမ္မတ၊ သမ္မတရုံးနဲ့ ပတ်သက်တဲ့ သတင်းတွေကို သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက မီဒီယာတွေကို ဖြေကြားပေးခဲ့တာဖြစ်ပြီး၊ အခုလို တရားဝင် တာဝန်ပေးခဲ့တာမျိုး မဟုတ်ပါဘူး။
ဒါဟာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီး ၂ နှစ် သက်တမ်းမပြည့်ခင်မှာ အခုလို သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။