ကာလီဖိုးနီးယား တောမီးကြောင့် ရွေ့လျားအိမ်ရာ အဆောက်အဦများ ပျက်စီး
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်းက တောမီးကြောင့် Riverside မြို့နယ် ရွေ့လျားအိမ်ရာ ရပ်နားစခန်းထဲက အဆောက်အဦတွေ အောက်တိုဘာ ၁၀ ရက်က ပျက်စီးခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာ အရေးပေါ်ကိစ္စ အတော်များများ ဖြစ်ခဲ့တယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။
ညနေ ၂ နာရီ မထိုးခင် လောင်ခဲ့တဲ့ စန်ဒယ်ဝုဒ် တောမီးဟာ ခြောက်သွေ့ပြင်းထန်တဲ့ လေပြင်းကြောင့် လောင်ကျွမ်းတဲ့ တောမီး အတော်များများထဲကတခုပါ။
တောမီးကြောင့် ပစိဖိတ်ဓာတ်ငွေ့နဲ့ လျှပ်စစ်ကုမ္ပဏီက သုံးစွဲသူ အယောက် ၆ သိန်းဆီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ရပ်တန့်ပိတ်ချပစ်ခဲ့ရပါတယ်။
ညနေ လေးနာရီမှာ သစ်တော ဧက ၅၀၀ ကျော်ကို လုံးဝဥဿုံ အထိန်းချုပ်မဲ့ လောင်ကျွမ်းခဲ့တယ်လို့ မြို့နယ်မီးသတ်အဖွဲ့က သူ့အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ရွေ့လျားအိမ်ယာ ရပ်နားစခန်းထဲက ဒေသခံတွေ ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ထားခဲ့တယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။