မြန်မာနှင့် ကန်သည့်ပွဲအတွက် ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ် ဒေါ်လာ ၂၀၀၀၀ ဒဏ်ရိုက်ခံရနိုင်
မြန်မာအသင်းနဲ့ ကန်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ဘောလုံးပရိတ်သတ် တဦးက ကွင်းအတွင်း ဝင်ပြေးဝင်ခဲ့တာနဲ့ ပတ်သက်ပြီး ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်ဟာ အမေရိကန် ဒေါ်လာ ၂၀၀၀၀ ဒဏ်တပ်ခံရနိုင်တယ်လို့ ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ပြောပါတယ်။
ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှကတ်မြို့မှာ အောက်တိုဘာ ၁၀ ရက်ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အိမ်ရှင်ကာဂျစ္စတန်အသင်းက မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို ၇ ဂိုးပြတ်သွင်းယူ အနိုင်ရခဲ့တဲ့အတွက် ပရိတ်သတ်တွေ အောင်ပွဲခံခဲ့ကြတာပါ။
ပွဲအပြီးမှာလည်း ကာဂျစ္စတန်ဘောလုံးပရိတ်သတ် ၂ ဦးက ကွင်းထဲဝင်ပြေးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က လိုက်ဖမ်းခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်တုန်းကလည်း ကာဂျစ္စတန်နိုင်ငံကျင်းပတဲ့ ဩစတြေးလျအသင်းနဲ့ ကာဂျစ္စတန် အသင်းတို့ ပွဲစဉ်မှာလည်း အလားတူဖြစ်ရပ်ကြောင့် ဒေါ်လာ ၂၈၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။
ဓာတ်ပုံ- Akipress