A d v e r t i s e m e n t With Us

တရုတ်တွင် ယာဉ်အသွားအလာများနေချိန် ခုံးကျော်တံတားတစင်း ပြိုကျ၊ ၃ ဦး သေ (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ် ဝူရှီမြို့က ခုံးကျော်တံတားတစင်းဟာ ယာဉ်တွေ သွားလာနေတဲ့ လမ်းပေါ် ပြိုကျအပြီး လူ ၃ ယောက် သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ အတည်ပြုထားပါတယ်။  လမ်းပေါ် ယာဉ်ကြော အသွားအလာများချိန် ညနေ ၆ နာရီလောက်မှာ တံတားပြိုကျခဲ့တာပါ။ ပြိုကျတဲ့တံတားရဲ့ အပျက်အစီးတွေအောက်မှာ ကား ၃ စီး ပိတ်မိနေတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။  ကားတစီးစီးပေါ်က လူ ၃ ယောက်စလုံး သေဆုံးခဲ့တာပါ။ ဒေသခံ အာဏာပိုင်တွေက မီးသတ်သမားတွေ၊ ရဲတွေနဲ့ ဆေးဘက်လုပ်သားတွေကို စေလွှတ်ကယ်ဆယ်ခဲ့ပါတယ်။  စက်ယန္တရားကြီးတွေ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကို ဖယ်ဖို့နဲ့ ပိတ်မိနေတဲ့ ကားတွေကိုဖယ်ဖို့ ယာဉ်ကြောကန့်သတ်ထားခဲ့ရပါတယ်။  ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေဆဲပါ။ ဒေသန္တရ အာဏာပိုင်တွေဆီက နောက်ဆုံးရ သတင်းအရ ကုန်စည်တွေ ဝန်ပိုတင်လာတဲ့ ကုန်ကားတစီးက တံတားကို ဝင်တိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။

A d v e r t i s e m e n t With Us

More News
Up