Home
မြန်မာသတင်း
ကော့ကရိတ်မြို့တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ဆန္ဒပြ
DVB
·
October 11, 2019
73018941_456475575212721_3299431775578619904_o
72743083_456475795212699_5742881851874213888_o
72326113_456476501879295_5036934436961124352_o
72325641_456472535213025_2636802284121489408_o
72145821_456473368546275_3645203190099476480_o
မူလမြေယာမှုခင်း ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းမရှိတဲ့အပြင် တရားစွဲဆိုခံ‌နေရတဲ့အတွက် ဒေသခံလယ်သမားတွေက အောက်တိုဘာ ‌ ၁၁ ရက်‌ မနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က မူလပိုင်ရှင်ရဲ့ လယ်ယာမြေတွေနဲ့ပတ်သက်ပြီး မူလမြေယာမှုခင်း ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းမရှိဘဲ တဖက်သတ်ဆုံးဖြတ်တရားစွဲခဲ့တဲ့အတွက် ဆန္ဒပြတာလို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။  ‌ကော့ကရိတ်မြို့နယ်၊ ဒေါဖျာကျေးရွာ၊ မူလလယ်သမားတဦးက "လယ်ယာမြေပုံစံ ၇ ထုတ်ပေးရာမှာ သက်သေအနေနဲ့ ကျ‌နော် လက်မှတ်ရေးမထိုးထားဘဲ ကျနော်နာမည်နဲ့ လက်မှတ်ထိုးထားတယ်။ အခုလည်း လယ်ယာမြေမှုခင်းလည်း ရှင်းလင်းပေးတာမရှိဘူး။ အခုထိ တရားလည်းစွဲခံထားရတယ်။ ပထမတကြိမ် တရားရုံးက အမိန့်ချတဲ့အပေါ်မှာလည်း မြေစီက အရေးယူဆောင်ရွက်တာမရှိဘူး ”လို့ ပြောပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကို ဒေသခံလယ်သမားတွေနဲ့ ဝန်းရံသူစုစုပေါင်း ၂၅ ဦးက ငြိမ်းစုစီ ဥပဒေအရ လျှောက်ထားပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ လာရောက် ဝန်းရံတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်လေးလေးက “ဌာနဆိုင်ရာတွေက လုပ်ချင်ရာလုပ်သွားတာ၊ ဥပဒေဆိုတဲ့ဟာက နစ်နာသူတွေက ရိုးသားတဲ့ တိုင်းရင်းသားတွေ၊ ကာယကံရှင်အစစ်အမှန်က မြေကိုမရဘဲနဲ့ ငွေပေးတဲ့ဟာက မြေရတယ်ဆိုတာ မှားယွင်းနေတယ်” လို့ ပြောပါတယ်။ ကော့ကရိတ်မြို့နယ်၊ ဒေါဖျာကျေးရွာက လယ်‌မြေဧရိယာ ၁၅ ဧကကို ၂၀၁၃ ခုနှစ်က လယ်မြေ‌လုပ်ပိုင်ခွင့်ပုံစံ ၇ ထုတ်ပေးရာမှာ မူလလယ်‌မြေဧရိယာ အတိုင်းရရှိခြင်းမရှိဘဲ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က တစ်ဖက်‌‌လုပ်ပိုင်ခွင့်လျှောက်ထားသူကို လုပ်ပိုင်ခွင့်ပုံစံ ၇ ထုတ်ပေးခဲ့သလို တရားစွဲဆိုခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ မိမိလယ်မြေ မိမိလုပ်ကိုင်ရရှိရေး၊ မတရားတဲ့ ဥပဒေမှန်သမျှ ဆန့်ကျင်ကြ၊ ဘက်လိုက်တဲ့‌မြေစီအဖွဲ့ အလိုမရှိ စတဲ့ဗွီနိုင်းပိုစတာတွေကိုကိုင်ဆောင်ကာ မြို့မစျေးအနီး နာရီစင်ကနေစတင်ပြီး မြဝတီလမ်းဟောင်းအတိုင်း မြေနယ်မြေစာရင်းရုံးရှေ့အထိ ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024