A d v e r t i s e m e n t With Us

ဘန်ကောက် အင်ဒိုနီးရှားသံရုံးအဆောက်အအုံ မီးလောင်(ရုပ်သံ)

 ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့ အင်ဒိုနီးရှားသံရုံးအဆောက်အအုံ မီးလောင်ကျွမ်းမှု ဖြစ်ခဲပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ဘန်ကောက်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။        မီးလောင်ကျွမ်းမှုဟာ ဒီနေ့မွန်းလွဲ ၁၂.၄၀ နာရီလောက်က သံရုံး ၂ ထပ်အဆောက်အအုံ လူနေတိုက်ခန်းရဲ့ ဒုတိယထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။        ဘန်ကောက်မြို့လယ်မှာတော‌ေ မီးခိုးလုံးကြီးတွေ၊ မီးတောက်တွေ တွေ့ခဲ့ရပြီး နောက် မီးသတ်တပ်ဖွဲ့ရဲ့ အကူအညီနဲ့ အချိန် တနာရီမပြည့်ခင်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ အေဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။        လတ်တလောမှာတော့ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိရသေးဘဲ သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကိုလည်း သံရုံးက ဖြေကြားထားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up