ကိုလံဘီယာ ပညာရေးလာဘ်စားမှု ဆန္ဒပြကျောင်းသားများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်
ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာမှာ အောက်တိုဘာ ၁၀ ရက်နေ့က ပညာရေးလာဘ်စားမှုကို ဆန့်ကျင်တဲ့ ကျောင်းသားဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်း အခြေအနေကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
မျက်နှာဖုံးတပ်ထားတဲ့ ဆန္ဒပြကျောင်းသားတချို့က Palace of Justice ခံတပ်အဝင်ပေါက်မှာ တာဝန်ကျနေတဲ့ ရဲတွေကို ခဲတွေနဲ့ပစ်ပေါက်ရာကနေစပြီး နှစ်ဖက်အကြား ထိပ်တိုက်တွေ့ဆုံခဲ့ကြတာပါ။
အဲဒီနောက် ရဲတပ်ဖွဲ့ဟာ အင်အားပြန်စုပြီးတော့ Bolivar Plaza ရင်ပြင်နားမှာ ဆန္ဒပြလူအုပ်ကို လူစုခွဲခဲ့ပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့က ကိုလံဘီယာနိုင်ငံတလွှား မြို့တွေမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ တော်တော်များများ ပေါ်ပေါက်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။
ဒစ်စရီထဲလ်တက္ကသိုလ်ရဲ့ Extension Institute အဖွဲ့က ညွှန်ကြားရေးမှူးဟောင်းဟာ အမေရိကန်ဒေါ်လာ ၃ သန်းကျော် တန်ဖိုးရှိတဲ့ ကိုလံဘီယာပီဆိုငွေ ၁၀ ဘီလီယံကျော်ကို လာဘ်ယူခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြကြပါတယ်။