Live
Home
မြန်မာသတင်း
မန္တလေးတွင် ပထမဆုံးအကြိမ် Rottweiler ခွေးပြပွဲ၊ ပြိုင်ပွဲကျင်းပမည် 
DVB
·
October 11, 2019
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေမှာရှိတဲ့ Nature Life မြင်းစီးကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် Rottweiler  ခွေးအမျိုးအစားပြပွဲနဲ့ ပြိုင်ပွဲကို အောက်တိုဘာ ၂၀ ရက်က ကျင်းပသွားဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံမှာမွေးမြူနေတဲ့ Rottweiler ခွေးမျိုး ဘယ်လောက်စစ်တယ်ဆိုတာကို နိုင်ငံခြားကပညာရှင်တွေနဲ့ အကဲဖြတ်တဲ့အနေနဲ့ ဒီပွဲကိုလုပ်တာဖြစ်ပြီး Rottweier ခွေးတွေကို ဘယ်လိုထိန်းသိမ်းရမယ်၊ ခွေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေကို ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကို ပြသတဲ့ပွဲဖြစ်တယ်လို့ ဒီပွဲကို ဦးစီးကျင်းပတဲ့ Myanmar Rottweiler Club  တည်ထောင်သူ ကိုသန့်ဇင်ကျော်က ပြောပါတယ်။ ဒီပွဲမှာ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က Rottweiler ခွေးအမျိုးအစား မွေးမြူသူတွေအပြင် တရုတ်၊ ထိုင်းစတဲ့ နိုင်ငံတွေက Rottweiler ခွေးအမျိုးအစား မွေးမြူသူတွေလည်း ပါဝင်ယှဉ်ပြိုင်မှာပါ။  ပြိုင်ပွဲမှာ အသက်အရွယ်အလိုက် ယှဉ်ပြိုင်တဲ့အမျိုးအစားနဲ့ စွမ်းရည်အလိုက် ယှဉ်ပြိုင်တဲ့ အမျိုးအစားတွေပါမှာဖြစ်ပြီး ထိုင်းနိုင်ငံက ပညာရှင်တွေက အမှတ်ပေးအကဲဖြတ်မှာဖြစ်ပါတယ်။  Rottweiler ခွေးအမျိုးအစား မွေးမြူသူတဦးဖြစ်တဲ့ ကိုမင်းကျော်စိုးကတော့ ဒီလိုပွဲတွေ ခဏခဏလုပ်ပေးရင်နိုင်ငံတကာ အသိအမှတ်ပြုတာတွေရှိလာမယ်လို့ ပြောပါတယ်။ Rottweiler ခွေးအမျိုးအစားဟာ ဂျာမနီမျိုးရင်းဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ မွေးသူတွေ များလာနေပါတယ်။ ဈေးနှုန်းအနေနဲ့ အနည်းဆုံးကျပ် ၃ သိန်းကျပ်မှ အများဆုံး ကျပ်သိန်း ၁၀၀ ကျော်ထိရှိပါတယ်။  သတင်း- နိုင်လင်းဦး 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024