A d v e r t i s e m e n t With Us

ရန်ကုန်တွင် ခွင့်ပြုချက်မှတ်ပုံတင်မရှိဘဲ ရောင်းချနေသည့် ဆေးဆိုင်များ စစ်ဆေးတွေ့ရှိ 

ရန်ကုန်မြို့မှာရောင်းချနေတဲ့ ဆေးဆိုင်တွေမှာ ဆေးဝါးခွင့်ပြုချက်မှတ်ပုံတင်မပါဘဲ ရောင်းချနေတဲ့ ဆေးဆိုင်တွေကို အများဆုံးစစ်ဆေးတွေ့ရှိရတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။    အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာက ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဆေးဆိုင်တွေ ကို လစဉ် မြို့နယ်အလိုက် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှာ ခွင့်ပြုချက်မရှိဘဲ ရောင်းနေတဲ့ ဆိုင်တွေ တွေ့ရှိခဲ့တာပါ။  အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာ (ရန်ကုန်)က ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝံက “ဆေးဝါးရောင်းချနေတဲ့ ဆေးဆိုင်တွေကိုတော့ စပ်ဆေးရောင်းချတာရှိမရှိ၊ ဆေးဝါးမှတ်ပုံတင်ခွင့်ပြုချက်မရဘဲ ရောင်းချနေတဲ့ တရားမဝင်ဆေးရောင်းချတဲ့ အခြေအနေ၊ ဆေးဝါးအတုရောင်းချနေမှုနဲ့ ရက်ကျော်ဆေးဝါး ရောင်းချနေတာတွေကို အဓိကဦးစားပေးအနေ နဲ့စစ်ဆေးနေတဲ့အချိန်မှာ၊ ဆေးဝါး မှတ်ပုံတင် ခွင့်ပြုချက်မရဘဲရောင်းချနေတဲ့ တရားမဝင်ဆေးရောင်းချနေတာကို အများစစ်ဆေးတွေ့ရှိရတာ” လို့ ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာရှိတဲ့ ဆေးဆိုင်တွေရဲ့ဆေးရောင်းချတဲ့ အခြေအနေကိုတော့ ပြီးခဲ့တဲ့  ၂ လောက်ကတည်း စစ်ဆေးလုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သတ်မှတ်ချက်အတိုင်း မရောင်းချဘဲ တရားမဝင်ဆေးရောင်းချတာတွေကို စစ်ဆေးတွေ့ရှိမယ်ဆိုရင်တော့ ပထမဆုံးအကြိမ်မှာ ဆေးရောင်းချခွင့် ၃ လပိတ်သွားမှာဖြစ်ပြီး ဒုတိယအကြိမ်စစ်ဆေးတွေ့ရှိမယ်ဆိုရင်တော့ ဆေးရောင်းချခွင် ၆ လပိတ်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်စည်းကမ်းမလိုက်နာဘဲ ဆက်လက်ရောင်းချမယ်ဆိုရင်တော့ တရားစွဲဆိုခံရမှာဖြစ်ပြီး ဆေးရောင်းချခွင့်လိုင်စင်ပါ ရုပ်သိမ်းခံရမှာပါ။ ပြည်သူတွေအနေနဲ့လည်း ဆေးဆိုင်တွေကနေ စပ်ပြီးရောင်းချတဲ့ စပ်ဆေးတွေကို မသုံးစွဲကြဖို့ အသိပညာပေးနေတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။ စပ်ဆေးတွေသုံးစွဲရင် ဆေးယဉ်ပါးတဲ့ နာတာရှည် ရောဂါဝေဒနာတွေ ခံစားရမယ့်အပြင် အစာအိမ်ထိခိုက်တာတွေပါ ဖြစ်နိုင်ပါတယ်။ လက်ရှိရန်ကုန်မြို့မှာတော့ ဆေးမျိုးစုံရောင်းချနေတဲ့ ဆေးဆိုင်ပေါင်း ၆၀၀၀ ကျော်ရှိပါတယ်။  

A d v e r t i s e m e n t With Us

More News
Up