အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး ဓားထိုးခံရ(ရုပ်သံ)

1.5K
အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး ဝီရန်တိုဆလမ်ပင်ဟာ အိုင်အက်စ်စစ်သွေးကြွ အစွန်းရောက်သူလို့ သံသယရှိတဲ့ အမျိုးသားတယောက်ရဲ့ ဓားနဲ့ထိုးတာ ခံခဲ့ရပါတယ်။
အောက်တိုဘာ ၁၀ ရက်က ဓားထိုးခံရလို့ ဝန်ကြီးဟာ ဒဏ်ရာကို ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ဝန်ကြီးရဲ့ အစာအိမ်မှာ ဒဏ်ရာ ၂ ချက် ရခဲ့တယ်လို့ ဘာခါ ဆေးရုံညွှန်မှူး ဖှာမဲန်စီယာက ပြောပါတယ်။
ဒါဟာ လတ်တလော နှစ်တွေအတွင်း အကြီးတန်း နိုင်ငံရေးသမားတယောက် တိုက်ခိုက်ခံရတဲ့ ပထမဆုံးဖြစ်ရပ်ပါ။
ဂျကာတာ မြို့တော် အနောက်ဘက် ဘန်တန်ခရိုင် ပန်ဒက်လန်းဒေသမှာ တိုက်ခိုက်ခံရအပြီး ကားဘေး မြေပြင်မှာ လဲနေတဲ့ ဝန်ကြီးကို တွေ့ခဲ့ရတာပါ။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး မွတ်စလင် လူများစုနိုင်ငံဖြစ်ပြီး စစ်သွေးကြွတွေရဲ့ သူပုန်ထမှု ထူပြောပါတယ်။
၂၀၁၉ နှစ်စမှာ ပြဋ္ဌာန်းတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေသစ်တွေ အောက်မှာ ရာနဲ့ချီတဲ့ လူတွေကို ဖမ်းဆီးပြီးပါပြီ။
“ဝန်ကြီးဟာ သတိရှိနေပြီး သူ့အခြေအနေ တည်ငြိမ်တယ်၊ သူ့ကို နောက်ထပ်ကုသဖို့ ဂျကာတာ မြို့တော်ဆီ ရဟတ်ယာဉ်နဲ့ သယ်သွားပြီ” လို့ ဘန်တန်ရဲချုပ် တွမ်စီတိုဟီရာက ပြောပါတယ်။
လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်နေပြီး တိုက်ခိုက်မှုနောက်ကွယ်က ကွန်ရက်ကို ဖြိုခွင်းပြီးပြီလို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောခဲ့ပါတယ်။