Home
အနုပညာ
စိုင်းစိုင်း၊ နေတိုး၊ အေးမြတ်သူနှင့် ထိုင်း၊ ဂျပန်သရုပ်ဆောင်များပါဝင်သည့် ရုပ်ရှင်ရိုက်ကူးမည်
DVB
·
October 11, 2019
ပရိသတ်အချစ်တော် အဆိုတော်သရုပ်ဆောင်မင်းသား စိုင်းစိုင်းခမ်းလှိုင်၊ နေတိုးတို့ နဲ့အတူ ထိုင်းနဲ့ ဂျပန်သရုပ်ဆောင်တွေ ပါဝင်ကြမယ့် ရုပ်ရှင်ကားတကားကို ရိုက်ကူး တော့မှာ ဖြစ်ပါတယ်။        ကောင်းကင်မရှိတဲ့ကြယ်လို့ အမည်ပေးထားတဲ့ ဒီကားကိုတော့ Myanmar Media 7 မှ စီစဉ်ပြီး နာမည်ကျော် မုန်းစွဲရုပ်ရှင်နဲ့ လူသိများတဲ့ ဒါရိုက်တာ ဩရသက ပုံဖော် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ကားကန်တော့ပွဲပေးတဲ့ အခမ်းအနားကို အောက်တိုဘာ ၁၀ ရက်နေ့က ရန် ကုန်မြို့၊ ရွှေတိဂုံဘုရား အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီကားထဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ နေတိုးတို့နဲ့အတူ မြန်မာသရုပ်ဆောင်တွေဖြစ်ကြတဲ့ ထွန်းထွန်း၊ ဟိန်းထက်၊ အေးမြတ်သူ၊ မိုးစက်ဝိုင်၊ နွယ်ဒါလီထွန်း၊ ထိုင်းနိုင်ငံမှ အနုပညာရှင်တွေ ဖြစ်ကြတဲ့ Ken Phuphoom၊ Korn Kang၊ Smile Parada၊ ဂျပန်နိုင်ငံ မှ သရုပ်ဆောင် Emi Takeu တို့က အဓိပါဝင်သရုပ်ဆောင်သွားကြမှာပါ။ ရုပ်ရှင်ရိုက်ကူးမှုကိုတော့ လာမယ့်နိုဝင်ဘာလထဲမှာ ပြုလုပ်တော့မှာ ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ ဂျပန်၊ အမေရိကန် ၄ နိုင်ငံမှ အနုပညာရှင်၊ အတတ်ပညာရှင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024