A d v e r t i s e m e n t With Us

“ဒီပွဲမှာ အကောင်းဆုံး အောင်လ ဖြစ်မယ်”လို့ ကျနော်ယုံကြည်တယ် (ရုပ်သံ) 

ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် အောင်လအန်ဆန်က ပရိတ်သတ်တွေ ဂုဏ်ယူနိုင်အောင် ကစားပေးမယ်ပြောကြားလိုက်ပါတယ်။  ONE CENTURY: ONE Championship နိုင်ငံတကာက ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မနေ့က ပြုလုပ်ရာမှာ ပြောသွားတာပါ။ “ကျနော့်ကို အားပေးအတွက် ပရိတ်သတ်ကို အရမ်းကျေးဇူးတင်တယ်။ ဆက်ပြီးအားပေးပါ။ ကျနော့်ကို ဆုတောင်းပေးပါ။  ဒီပွဲမှာ အကောင်းဆုံးအောင်လ ဖြစ်မယ်လို့ ကျနော်ယုံကြည်တယ်။ ပရိတ်သတ်တွေ ဂုဏ်ယူနိုင်အောင် ကျနော် ကစားပေးမှာ ဖြစ်ပါတယ်” ONE CENTURY ပြိုင်ပွဲကို တိုကျိုမြို့မှာ အောက်တိုဘာလ ၁၃ ရက် မနက် ၉ နာရီက စတင်ကျင်းပမှာဖြစ်ပြီး အောင်လအန်ဆန်က ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာရဲ့ စိန်ခေါ်မှုကို ချန်ပီယံကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up