ပြင်သစ်ကလပ် လိုင်ယွန်အသင်း၏ ကမ်းလှမ်းမူကို နည်းပြမော်ရင်ဟို ပယ်ချ

နည်းပြ မော်ရင်ဟိုဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းရဲ့ ကမ်းလှမ်းမူကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။  မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလက မန်ယူအသင်းကနေ ထုတ်ပယ်ခံလိုက်ရပြီး နောက်ပိုင်းအသင်းလက်မဲ့ ဖြစ်နေတာပါ။  လိုင်ယွန်အသင်းဟာ အသင်းနည်းပြချုပ် ဆယ်ဗင်ဟိုကို တနင်္လာနေ့က ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး မော်ရင်ဟိုကို ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။  ဒါပေမယ့်လည်း မော်ရင်ဟိုဘက်က ပယ်ချခဲ့တာကြောင့် တခြားနည်းပြတဦးကို ရှာဖွေနေတယ်လို့ သိရပါတယ်။  လိုင်ယွန်အသင်းဥက္ကဋ္ဌ မိုက်ကယ်အောလက်စ်ဟာ မော်ရင်ဟိုနဲ့ အဆင်မပြေခဲ့တာကြောင့် ပြင်သစ်နည်းပြဟောင်း လောရင့်ဘလန့်ကို ဆက်ပြီး ချိတ်ဆက်နေပါတယ်။  မော်ရင်ဟိုဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကိုကိုင်တွယ်ဖို့ ဆန္ဒရှိနေတာကြောင့် လိုင်ယွန်နည်းပြရာထူးကို လက်ခံဖို့ ငြင်းဆန်ခဲ့တာလို့လည်း သတင်းထွက်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up