Home
မြန်မာသတင်း
လက်ရွေးစင်များ မွေးထုတ်ပေးသည့် ရန်ကုန်တက္ကသိုလ် ဖြစ်စေလိုဟုဆို
ရွှေအောင်
·
January 8, 2013
ပညာရေးမှာ တကယ့်ကို ထူးချွန်တဲ့ လက်ရွေးစင်တွေ မွေးထုတ်ပေးရာ တက္ကသိုလ်ကြီး တခု ဖြစ်စေချင်တယ်လို့ ရန်ကုန်တက္ကသိုလ် ပြန်လည်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီဝင် ဒေါက်တာတင်လှိုင် (စာရေးဆရာ ဘိုးလှိုင်) က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သူက ခုလို ပြောလိုက်တာပါ။ [caption id="attachment_35135" align="alignright" width="150" caption="၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က ရန်ကုန်တက္ကသိုလ်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာခဲ့စဉ်"][/caption] “တိုင်းပြည်မှာ၊ မြန်မာပြည်မှာ အကောင်းဆုံးတက္ကသိုလ်ဖြစ်စေချင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ထူးထူးချွန်ချွန် ထိပ်တန်းလွှာကို လက်သပ်မွေးတဲ့နေရာဌာနအဖြစ် ဖြစ်စေချင်တယ်။ တန်းတူညီမျှတို့ဘာတို့ပြောတဲ့အချိန်မှာ လက်ရွေးစင်မွေးထားတာမျိုးကို သိပ်မကြိုက်တာမျိုး ရှိရင်လည်းရှိမယ်။ သို့သော် ကျနော်ကတော့ ရန်ကုန်တက္ကသိုလ်ဟာ တိုင်းပြည်မှာ အင်မတန် ထူးထူးချွန်ချွန် လက်ရွေးစင် တကယ့်ထိပ်တန်းတွေ လက်သပ်မွေးတဲ့ တက္ကသိုလ်ဖြစ်စေချင်တယ်။” ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးကော်မတီကနေ ဘဏ္ဍာရေးဆပ်ကော်မတီ၊ အဆောက်အအုံ ပြုပြင်မြှင့်တင်မယ့် Hardware ကော်မတီနဲ့ သင်ကြားရေးပိုင်းဆိုင်ရာ Software ကော်မတီတို့ ၃ဖွဲ့ခွဲပြီး တက္ကသိုလ်အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ အန်အယ်ဒီပါတီဥက္ကဋ္ဌ ဦးဆောင်တဲ့ကော်မတီမှာ အာဏာရပြည်ခိုင်ဖြိုးပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရပညာရေးဌာတာဝန်ရှိသူတွေနဲ့ ပြင်ပပညာရှင်တွေ စုစုပေါင်း ၁၇ ဦး ပါဝင်ဖွဲ့စည်းထားတာမို့ တက္ကသိုလ်အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေ အောင်မြင်မယ်လို့ ယုံကြည်ကြောင်းလည်း အဖွဲ့ဝင် ဒေါက်တာတင်လှိုင်က ပြောပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ အရင်ကလို ဘွဲ့ကြိုဘာသာရပ်တွေ သင်ကြားဖို့ ဘယ်တော့လောက် ဖြစ်နိုင်မလဲလို့ မေးမြန်းရာမှာ “အကောင်းဆုံးဖြစ်အောင်တော့ လုပ်မှာပါ။ ကျနော် ပွင့်ပွင့်လင်းလင်းမေးတယ် ဒေါ်အောင်ဆန်းစုကြည်ကို။ ကျနော်တို့ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ကြိုတွေထားဖို့ ဆုံးဖြတ်ပြီးပြီလားဆိုတော့ ပြီးပြီတဲ့။ ဘယ်တော့လောက်စမလဲဆိုတော့ ဒါက ဆရာတို့ပေါ်မူတည်တဲ့။ ဆရာတို့ကော်မတီ လုပ်ဆောင်မှုပေါ်မူတည်ပေါ့။ ဒီကော်မတီက စလုပ်ရမှာပေါ့လေ။” ပြီးခဲ့တဲ့ ပဉ္စမအကြိမ်လွှတ်တော်ထဲမှာ ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်ဖို့ ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုတင်သွင်းခဲ့ပြီး၊ အဆိုကို  မဲခွဲဆုံးဖြတ်ရာမှာ အနိုင်ရတဲ့အတွက် အခုလို ကော်မတီဖွဲ့ ဆောင်ရွက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024