ပျဉ်းမနားနှင့် ပုဗ္ဗသီရိမြို့တို့တွင် မြေငလျင်လှုပ်ခတ်
DVB
·
October 11, 2019
နေပြည်တော် ပျဉ်းမနားနဲ့ ပုဗ္ဗသီရိမြို့တို့မှာ အောက်တိုဘာ ၁၀ ရက်နေ့ညက ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၁၇ မိနစ်၊ ၀၆ စက္ကန့် အချိန်က ပျဉ်းမနားမြို့ အနောက်-အနောက်မြောက်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၉.၈၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၉၈ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။
အလားတူ အောက်တိုဘာ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၁၀ မိနစ်၊ ၅၂ စက္ကန့် အချိန်အချိန်ကလည်း ပုဗ္ဗသီရိမြို့ရဲ့ အနောက်တောင်ဘက် ၁၄ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၉.၈၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။