မြန်မာအသင်းက ကာဂျစ္စတန်ကို ၇ ဂိုးပြတ် ရှုံးနိမ့်

မနေ့ညက ကာဂျစ္စတန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာလက်ရွေးစင်အမျိုးသားအသင်းဟာ ကာဂျစ္စတန်ကို ၇ ဂိုးပြတ် ရှုံးနိမ့်သွားပါတယ်။ မြန်မာအသင်းဟာ ကာဂျစ္စတန်အသင်းရဲ့ တိုက်စစ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပဲ ပထမပိုင်းမှာ ၅ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၂ ဂိုး စုစုပေါင်း ၇ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ အသင်းအနေနဲ့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ မြန်မာနည်းပြ ရာဒူလိုဗစ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  "ကာဂျစ်စတန် အသင်းက ကျနော်တို့ထက်ပိုကောင်းခဲ့တဲ့ အသင်းပါ။ ကျနော်တို့လည်း အခွင့်အရေး ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ အခွင့်အရေးတွေကိုသာ စောစောအသုံးချနိုင်ခဲ့ရင် ပွဲရလဒ်က တမျိုးပြောင်းသွားနိုင်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း ဒီပွဲမှာ အာရုံစိုက်မှု အားနည်းခဲ့ပါတယ်။ ကျနော့်အနေနဲ့ အသင်းကို ပုံစံအသစ်နဲ့ ပြန်လည်တည်ဆောက်နေပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲလို ပြိုင်ပွဲမျိုးအတွက် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။" ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကာဂျစ္စတန်အသင်းဟာ အဖွင့်ပွဲစဉ်တုန်းက တာဂျစ်ကစ္စတန် အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မြန်မာအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ မြန်မာအသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မွန်ဂိုလီးယားနဲ့ ဂျပန်အသင်းတွေကိုလည်း ရှုံးနိမ့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up