ဂျာမနီနှင့် အာဂျင်တီးနားတဖက် ၂ ဂိုး စီ သရေကျ(ရုပ်သံ)

1K
ဒီနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဂျာမနီနဲ့ အာဂျင်တီးနားတို့ရဲ့ ခြေစမ်းပွဲမှာ တဖက် ၂ ဂိုး စီနဲ့ သရေကျသွားပါတယ်။
ဂျာမနီနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့အခုပွဲစဉ်မှာ အိမ်ရှင်အသင်းက ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးတွေပေးလိုက်ရလို့ သရေကျခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူး နစ်မှာခြေစွမ်းပြနေတဲ့ ဆာဂျီနာဘရီက ပွဲချိန် ၁၆ မိနစ်မှာပဲ ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ပွဲချိန် ၂၂ မိနစ်မှာ လီဗာကူဆင်လူငယ်ကွင်းလယ်လူ ခိုင်ဟာဗက်ဇ်က ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
အာဂျင်တီး နားအသင်းမှာတော့ မက်ဆီ၊ အဂွဲရိုး၊ ဒီမာရီယာ တို့ မပါဝင်ခဲ့ဘဲ မာတီနက်ဇ်၊ ဒိုင်ဘားလား၊ ပါရီဒက်စ် စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။
ချေပဂိုးတွေကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ အယ်လာရီယိုနဲ့ ပွဲချိန် ၈၅ မိနစ်မှာ အိုကမ်ပေါ့စ် တို့က သွင်းယူခဲ့ပါတယ်။
ဒီပွဲဟာ ၂၀၁၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဓိက ကစားသမားတွေ မပါဝင်တဲ့ အာဂျင်တီးနားတို့ အဝေးကွင်းမှာ ရလဒ်ကောင်း ရယူနိုင်ခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။