A d v e r t i s e m e n t With Us

မြောင်းမြတွင် စက်လှေမီးလောင်၊ တန်ဖိုးကျပ် ၃၅ သိန်းဖိုး ပျက်စီးဆုံးရှုံး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ခရီးသည်တင် စက်လှေတစီးမီးလောင်ပြီး လူ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရကာ ကျပ် ၃၅ သိန်းဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြောင်းမြ မီးသတ်ဦးစီးဌာနက သိရပါတယ်။ မြောင်းမြမြို့မှာ ဒီမနက် ၇ နာရီ ၄၅ မိနစ်လောက်က လယ်ယာသုံး ဆိပ်ကမ်း (သဲပုံဆိပ်) မှာ ကပ်ပြီး ကုန်တင်ကုန်ချလုပ်နေတဲ့ စက်လှေဟာ လှေဝမ်းဗိုက်ထဲက ဟွန်ဒါရေစုပ်စက်အား ပြုပြင်ပြီး စမ်းသပ်ရာနေ မီးစတင်လောင်ခဲ့တာလို့ မြောင်းမြမီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မီးလောင်သွားတဲ့ စက်လှေဟာ မြောင်းမြမြို့နဲ့ လူတော်ကျေးရွာကို ပြေးဆွဲနေတဲ့ အောင်ချမ်းသာ (၁)လိုင်းက ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ရေယာဉ်မှာပါလာတဲ့ အမျိုးသား ၁ ဦး မီးလောင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ လူတော်ကျေးရွာနေ ဒေါ်ဝင်းဝင်း၊ ဒေါ်တူးတူမာနဲ့  ကျွန်းကလေးကျေးရွာနေ မောင်ရှိုင်းကိုတို့ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ၃ ဦးကတော့ လတ်တလော မြောင်းမြ ‌ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှုခံယူနေရပါတယ်။  သတင်း- ကျော်စိုးမိုး ၊မျိုးဇော် 

A d v e r t i s e m e n t With Us

More News
Up