Home
မြန်မာသတင်း
မိုးညှင်းတွင် ကလေးငယ်အား ရိုက်နှက်ပြီး ရွှေဆွဲပြားယူသည့်အမျိုးသမီးကို ဖမ်းဆီး
DVB
·
October 10, 2019
72330137_493788018132551_7772711154337447936_o
71969877_493787971465889_977680048586752000_n
72488328_493787871465899_5241316958321770496_n
72454707_493787911465895_4549675010024800256_n
ကချင်ပြည်နယ် မိုးညှင်းမြို့ မြို့ရှောင်လမ်းဘေးမှာ ၆ နှစ်အရွယ်ကလေးတဦးအား ရိုက်နှက်ပြီး ရွှေဆွဲပြားကို လုယူသွားတဲ့ အမျိုးသမီးတဦးအား ဖမ်းဆီးခဲ့တယ်လို့ မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့ မနက် ၉ နာရီအချိန်က ပထမတန်းကျောင်းသား မောင်ရဲရင့်အောင်ဟာ အတန်းထဲမှာ လွယ်အိတ်ရှိပြီး ပျောက်ဆုံးနေတဲ့အတွက် မိခင်ဖြစ်သူက ရဲစခန်းကိုအကြောင်းကြားပြီး လိုက်ရှာရာ နေ့လယ် ၁ နာရီလောက် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် မြို့ရှောင်လမ်းဘေး စိန်လုံတောင်သွားလမ်းပေါ်မှာ ဦးခေါင်းယာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာလို့ ကိုဇော်နိုင်ထွန်းက ပြောပါတယ်။ “ကျနော်တို့လူစု ၇ ယောက် မြို့ရှောင်လမ်းက လျောင်းတော်မူ ဘုရားကြီးဘက်ကို ကြည့်လိုက်တဲ့အခါ ကျောင်းဝတ်စုံနဲ့ကလေးလေး ဒယီးဒယိုင်နဲ့ထွက်လာတာတွေ့လို့ သွားကြည့် တော့ မျက်နှာမှာသွေးတွေက ခြောက်နေပြီ။ ရုပ်လည်း မမှတ်မိတော့ဘူး။ မင်းဒေါ်ကြူကြူဝင်းရဲ့ သားလားလို့မေးတော့ ဟုတ်တယ်တဲ့။ ဒါနဲ့ဆေးရုံကို တန်းခေါ်လာလိုက်တယ်။ တချို့က တရားခံမိဖို့ စောင့်ကြည့်ချန်ထားခဲ့တယ်။” မောင်ရဲရင့်အောင်ရဲ့မိခင် ဒေါ်ကြူကြူဝင်းက “သားကို အမေကခေါ်ခိုင်းတယ်ဆိုပြီး ခေါ်သွားပြီး သားရဲ့ ဆွဲပြားကို ဒုံးတိမ အမေက ယူသွားတာလို့ သားကပြောတယ်။ သားက သူ့ငယ်ချင်း ဒုံးတိမကိုပဲ သိတာ။ သူ့အမေ နာမည် မော်မော်စန်းဆိုတာသူ မသိဘူး။ အရင်နေ့က သားအတွက် ဆွဲပြားလုပ်ထားတယ်ပြောလို့ သူက တောင်းကြည့်လို့ ပြပေးမိတယ်” လို့ ပြောပါတယ်။ ၁ သိန်းနှစ်သောင်း ကျပ်တန်ဖိုးရှိတဲ့ ရွှေဆွဲပြားကိုလုယူပြီး ကလေးကိုရိုက်နှက်ခဲ့တဲ့ မမော်မော်စန်း (၂၄ နှစ်) ကို မောင်ရဲရင့်အောင်မိခင် ဒေါ်ကြူကြူဝင်းက တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ပ-၃၈၂ အရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ခင်သန်းညွန့် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024