Homeသတင်းဓာတ်ပုံ
ရေးမြို့နယ်တွင် သံဃာနှင့် သီလရှင်အပါး ၁၅၀၀ ကျော်ကို ဆွမ်းဆန်စိမ်း လောင်းလှူ (ဓာတ်ပုံ)
ရေးမြို့နယ်တွင် သံဃာနှင့် သီလရှင်အပါး ၁၅၀၀ ကျော်ကို ဆွမ်းဆန်စိမ်း လောင်းလှူ (ဓာတ်ပုံ)
DVB
·
October 10, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မြို့နယ်လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲကို ရွှေဆံတော်စေတီနဲ့ စကားတောင်စေတီရှိ ဗိုလ်ချုပ်လမ်းမကြီးတလျှောက်မှာ အောက်တိုဘာ ၁၀ ရက် မနက်က ကျင်းပပါတယ်။
ဆွမ်းဆန်စိမ်းလောင်းပွဲမှာ ရေးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၈၇ ကျောင်းက သံဃာတော်နဲ့ သီလရှင်အပါဝင် စုစုပေါင်း ၁၅၈၀ ပါးကို မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ၊ ဘာသာရေးနဲ့ လူမှုရေးအသင်းအဖွဲ့နဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေက စာရေးတံမဲနဲ့အတူ လှူဖွယ်ပစ္စည်းတွေကို လောင်းလှူခဲ့ကြပါတယ်။
သတင်း- နေမျိုးထွဋ် ရေး