A d v e r t i s e m e n t With Us

ကာဂျစ္စတန်နှင့်ပွဲ တိုက်စစ်အသားပေးကစားသွားမည်ဟု မြန်မာနည်းပြ ပြော

ကာဂျစ္စတန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တိုက်စစ်အသားပေးကစားသွားမယ်လို့ မြန်မာနည်းပြ ရာဒူလိုဗစ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  မြန်မာအသင်း ကာဂျစ္စတန်အိမ်ကွင်းဖြစ်တဲ့  ဘစ်ရှ်ကတ်မြို့က ဒိုလန်အိုမာဇာကော့ ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  ကာဂျစ္စတန်အသင်းက ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသင်းကောင်း တသင်းဖြစ်ပြီး ကစားသမားကောင်းတွေလည်း ရှိတဲ့အသင်းဖြစ်တယ်လို့ မြန်မာနည်းပြက ပြောပါတယ်။  ဒီပွဲအတွက် ၁၀ ရက်လောက် ပြင်ဆင်ချိန်ရခဲ့ပြီး တိုက်စစ်အသားပေးကစားပုံနဲ့ အကောင်းဆုံး ကြိုးစားကစားသွားမယ်လို့ မြန်မာနည်းပြ ရာဒူလိုဗစ်က ပြောပါတယ်။  ကာဂျစ္စတန်အသင်းဟာ အဖွင့်ပွဲစဉ်တုန်းက တာဂျစ်ကစ္စတန်အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။  မြန်မာအသင်းကတော့ မွန်ဂိုလီးယားနဲ့ ဂျပန်အသင်းတွေကို ၂ ပွဲဆက်တိုက်ရှုံးနိမ့်ထားတာပါ။ အခုပွဲစဉ်ကို ဒီနေ့ည ၉ နာရီမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up