Home
မြန်မာသတင်း
ဘိုကလေးမြို့နယ်တွင် အမျိုးသား ၁ ဦး မိကျောင်းကိုက်ခံရ 
DVB
·
October 10, 2019
72528361_774065716381491_4339059185447600128_n
71881060_774065759714820_6529747515795832832_n
72690854_774065659714830_4141913868664307712_n
72617086_774065793048150_1597283871932547072_n
72528361_774065716381491_4339059185447600128_n
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွမှာ အောက်တိုဘာ ၈ ရက် ညနေ ၆ နာရီလောက်က အမျိုးသား တဦး  မိကျောင်းဆွဲခံရပြီး ဒဏ်ရာရသွားပါတယ်။ လှေလုံးကွဲကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် ကိုနေလင်းဦးဟာ နေအိမ်ဆိပ်ကမ်းရှိ လှေကို ကမ်းနားရေစပ်ကနေ ရေပက်ထုတ်နေစဉ် ဘယ်ဘက်ပေါင်ကို  မိကျောင်းက ဝင်ရောက်ကိုက်ခဲ့လို့ ကမ်းပေါ်တက်ပြေးစဉ် ဘက်ဘက် ခါးနံဘေးကို မိကျောင်းက ထပ်ကိုက်ခဲ့တာဖြစ်ပါတယ်။ လတ်တလော ကိုနေလင်းဦးဟာ မိကျောင်းကိုက်ဒဏ်ရာတွေနဲ့ ကဒုံကနိတိုက်နယ်ဆေးရုံမှာ ဆေးကုသခံယူနေပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ သတင်း- ကျော်စိုးမိုး 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024