A d v e r t i s e m e n t With Us

ဘိုကလေးမြို့နယ်တွင် အမျိုးသား ၁ ဦး မိကျောင်းကိုက်ခံရ 

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွမှာ အောက်တိုဘာ ၈ ရက် ညနေ ၆ နာရီလောက်က အမျိုးသား တဦး  မိကျောင်းဆွဲခံရပြီး ဒဏ်ရာရသွားပါတယ်။ လှေလုံးကွဲကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် ကိုနေလင်းဦးဟာ နေအိမ်ဆိပ်ကမ်းရှိ လှေကို ကမ်းနားရေစပ်ကနေ ရေပက်ထုတ်နေစဉ် ဘယ်ဘက်ပေါင်ကို  မိကျောင်းက ဝင်ရောက်ကိုက်ခဲ့လို့ ကမ်းပေါ်တက်ပြေးစဉ် ဘက်ဘက် ခါးနံဘေးကို မိကျောင်းက ထပ်ကိုက်ခဲ့တာဖြစ်ပါတယ်။ လတ်တလော ကိုနေလင်းဦးဟာ မိကျောင်းကိုက်ဒဏ်ရာတွေနဲ့ ကဒုံကနိတိုက်နယ်ဆေးရုံမှာ ဆေးကုသခံယူနေပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ သတင်း- ကျော်စိုးမိုး 

A d v e r t i s e m e n t With Us

More News
Up