A d v e r t i s e m e n t With Us

ချောက်-လမ်းရွာရေနံမြေက တနှစ်အတွင်း ရေနံစည်ပေါင်း ၁ သိန်းကျော် တိုးမြှင့်ထုတ်လုပ်နိုင်

ချောက်-လမ်းရွာရေနံမြေမှ အခုနှစ်အတွင်း ရေနံစည်ပေါင်း တသိန်းကျော်ကို တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့တယ်လို့  ချောက်-လမ်းရွာရေနံမြေ မန်နေဂျာရုံးက သိရပါတယ်။ ချောက်-လမ်းရွာရေနံမြေကနေ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ တနှစ်အတွင်း ရေနံစိမ်း စည်ပေါင်း ၄၂၇၃၂၃ စည်ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ မှာ ရေနံစည် ၅၃၄၄၀၂စည် ထုတ်နိုင်ခဲ့လို့ တသိန်းကျော်တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့တာလို့ မန်နေဂျာရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ ချောက်-လမ်းရွာရေနံမြေမှာ ၂၀၁၇-၂၀၁၈ ခုနှစ်က တွင်းအသစ် ၁၁ တွင်း၊ တွင်းဟောင်းပြင် ၇ တွင်းနဲ့ သဲကြောတိုးချဲ့ သေနတ်ဖောက်ချင်း ၁၃ တွင်း ဆောင်ရွက်ခဲ့တာကြောင့် ပျမ်းမျှ ရေနံစည် ၅၉၆စည် တိုးမြှင့်ထုတ်လုပ်ခဲ့ပါတယ်။  ၂၀၁၈-၂၀၁၉ ခုနှစ်မှာတော့ တွင်းအသစ် ၇ တွင်း၊ တွင်းဟောင်းပြင် ၁၅ တွင်း၊ သဲကြောတိုးချဲ့ သေနတ်ဖောက်ချင်း ၁၃ တွင်းနဲ့ တွင်းဟောင်းပြန်လည်ဖွင့်လှစ် ၂ တွင်း ဆောင်ရွက်ခဲ့လို့ ပျမ်းမျှ ရေနံစည်  ၈၂၆ စည် တို့မြှင့်လာတယ်လို့ ဆိုပါတယ်။ ၂၀၁၉-၂၀၂၀ မှာလည်း တွင်းသစ် ၇ တွင်း ထပ်တူးဖော်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ လက်ရှိချောက်-လမ်းရွာရေနံမြေမှာ ရေနံမြေ စတင်ပေါ်ပေါက်ချိန်မှ ယနေ့အထိ ရေနံတွင်းပေါင်း ၁၆၅၁ တွင်းတူးဖော်ခဲ့ပြီး ပိတ်ထားတဲ့ တွင်းပေါင်းက ၁၅၃၇တွင်းရှိပါတယ်။ လက်ရှိ ရေနံတွင်း ၁၁၂ တွင်းကနေ တရက်ကို  ရေနံစည်ပေါင်း ၁၄၀၀ ကျော် ထုတ်လုပ်နေပါတယ်။ သတင်း- ကိုလင်း(ချောက်)

A d v e r t i s e m e n t With Us

More News
Up