A d v e r t i s e m e n t With Us

သဘာဝလောကပညာရှင် ဗြိတိန်နိုင်ငံသား ၂၀၁၉ နိုဘယ်လ်ဆု လျာထားခံရ

အသက် ၉၃ နှစ်အရွယ် သဘာဝလောကပညာရှင် ဗြိတိန်နိုင်ငံသား ဆာဒေးဗစ် အတ်တန်ဘိုရို ဟာ ၂၀၁၉ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်အဖြစ် လျာထားခံရသူ စာရင်းထဲမှာ ပါနေပါတယ်။  သူဟာ ကမ္ဘာပေါ်မှာ သားရိုင်းတိရစ္ဆာန်ရေးရာ ရုပ်သံအစီအစဉ် ကြေညာသူတွေထဲမှာ သြဇာအကြီးဆုံးသူတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။  လတ်တလော နှစ်တွေအတွင်း ရာသီဥတုပြောင်းလဲမှု အကြပ်အတည်းကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေကို သူက ပိုထုတ်ပြောလာခဲ့တာပါ။  ရုပ်သံဌာနမှာ နှစ်ပေါင်း ၆၀ ကျော် အလုပ်လုပ်လာခဲ့သူ အတ်တန်ဘိုရိုရဲ့ ရုပ်သံမှတ်တမ်းတွေ ထဲမှာ "Planet Earth" and "Blue Planet" စတဲ့ မှတ်တမ်းတွေပါပြီး ကမ္ဘာ့လူဦးရေ တိုးလာမှုနဲ့ ပလတ်စတစ် သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိုးရိမ်လာအောင် လှုံ့ဆော်ခဲ့ပါတယ်။  သူဟာ "Life on Earth", "Frozen Planet" and "Africa" စတဲ့ သားရိုင်းတိရစ္ဆာန်ရေးရာ ရုပ်သံမှတ်တမ်းတွေအတွက်လည်း နာမည်ကြီးပါတယ်။  ဆာဘွဲ့ကို ၁၉၈၅ ခုနှစ်က ရခဲ့တာပါ။ ဘီဘီစီရုပ်သံရဲ့ အကြီးတန်း မန်နေဂျာလည်း ဖြစ်ခဲ့ဖူးသလို ၁၉၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေမှာ ဘီဘီစီရုပ်သံအစီအစဉ်ရေးရာ ညွှန်ကြားရေးမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up