A d v e r t i s e m e n t With Us

၄ လွှာပြတင်းပေါက် သံပန်းကြား ခေါင်းညှပ်နေသည့် ကလေးကို မီးသတ်ကယ်တင်(ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်ပြည်နယ် လင်ယီမြို့မှာ အောက်တိုဘာ ၇ ရက်က  အသက် ၄ နှစ်အရွယ် ယောကျာ်းလေးတယောက် ၄ လွှာတိုက်ခန်း ပြတင်းပေါက်က သံပန်းမှာ ခေါင်းညပ်ပြီး တွဲလောင်းဖြစ်နေလို့ မီးသတ်သမားတွေက ကယ်ဆယ်ခဲ့ကြပါတယ်။  အဲဒီကလေးဟာ ပြတင်းပေါက်ပေါ်ကိုတက်ပြီး မတော်တဆ ချော်ကျသွားတဲ့အခါ သူ့ရဲ့ ခေါင်းက ပြတင်းပေါက် သံပန်းကြားထဲကို ညှပ်နေပြီး ခန္ဓာကိုယ်က အောက်မှာ တွဲလောင်း ဖြစ်နေတာပါ။   ကလေးရဲ့ အဘိုးဖြစ်သူက မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် မီးသတ်ဝန်ထမ်းတွေ မြန်မြန်ဆန်ဆန်ပဲ ရောက်လာခဲ့ကြပါတယ်။  မီးသတ်ဝန်ထမ်းတွေဟာ ပထမဆုံးအနေနဲ့ ကလေးရဲ့ ရင်ဘတ်ကို အရေးပေါ်ကြိုးနဲ့ ခိုင်ခိုင်ချည်ထားလိုက်ပါတယ်။  အဲဒီနောက်မှာတော့ ဖိအားသုံးမောင်းတံနဲ့ သံပန်းရဲ့ သံတန်းတွေချဲ့ပြီး ကလေးကို ကယ်ထုတ်ခဲ့ပါတယ်။  ကလေးမိဘတွေ အိမ်မှာမရှိဘဲ သူကလည်း တရေးအိပ်နေချိန်မှာ အခုလို ဖြစ်တာလို့ အဘိုးဖြစ်သူက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up