A d v e r t i s e m e n t With Us

အမြင့်မားဆုံးလိဂ်များတွင် ကစားနိုင်သေးဟု မိုဗစ်ပြော

အမြင့်မားဆုံး လိဂ်တွေမှာ ကစားနိုင်စွမ်းရှိသေးတယ်လို့ ဆွီဒင်တိုက်စစ်မှူး အီဗရာဟင်မိုဗစ်က ပြောပါတယ်။  အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီ အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။  အခုနှစ်ဘောလုံးရာသီမှာ အသင်းနဲ့စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့်လည်း လာမယ့်နှစ်မှာ ဘောလုံးဆက်ကစားဦးမယ်လို့ မိုဗစ်က ဆိုပါတယ်။  လာမယ့်နှစ်တွေမှာ အီတလီပြန်ပြီး ကစားနိုင်စွမ်းရှိသလို တခြားလိဂ်တွေမှာလည်း ဆက်ကစားနိုင်စွမ်းရှိကြောင်း မိုဗစ်က ပြောပါတယ်။ လာမယ့်ဒီဇင်ဘာလ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် အမြင့်မားဆုံးပွဲတွေကို ဆက်ကစားနိုင်စွမ်းရှိသေးပြီး ဘယ်အသင်းမှာ ဆက်ကစားဖြစ်မလဲဆိုတာတော့ မသိသေးဘူးလို့ မိုဗစ်ကဆိုပါတယ်။  မွေးရပ်မြေကလပ် မယ်လ်မိုအသင်းကလည်း မိုဗစ်ရဲ့ ရုပ်တုကို ထုလုပ်ပြီး ဂုဏ်ပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up