Homeမြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်နှင့် အန်စီအေ သဟဇာတဖြစ်ရန်လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော
ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်နှင့် အန်စီအေ သဟဇာတဖြစ်ရန်လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော
DVB
·
October 10, 2019
လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အန်စီအေ လမ်းကြောင်းအရ ဖွဲ့စည်းပုံပြင်ဆင်ရေး တို့ လိုက်လျောညီထွေ သဟဇာတဖြစ်ဖို့လိုတယ်လို့ PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အောက်တိုဘာ ၁၀ ရက်က ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အစွန်းမရောက်ဘဲ မလျော့မတင်းစောင်းကြိုးညှင်းဆိုသလို သတိထားဆောင်ရွက်သွားရမယ်လို့လည်း ပြောပါတယ်။
အန်စီအေ ၄ နှစ်ပြည့်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဆက်စပ်တဲ့ အရေးပါတဲ့ အကြောင်းအရာတွေကိုအကျေအလည်ဆွေးနွေးကြဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO)ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကျင်းပနေတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲကို အောက်တိုဘာ ၁၂ ရက်အထိ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၁၀ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။
ဓာတ်ပုံ- NCA-S EAO