A d v e r t i s e m e n t With Us

မဲဆောက်တွင် ခရီးတင်ကား ၁ စီး ကွန်ကရစ်တုံးကိုတိုက်မိ၊ လူ  ၄ ဦးဒဏ်ရာပြင်းထန်   

မြန်မာ-ထိုင်းနယ်စပ်၊ တာခ်ရိုင် မဲဆောက်မြို့ကနေ  နခွမ်စဝမ်ကို သွားမယ့် ခရီးသည်တင် မှန်လုံကားတစီး လမ်းဘေးကာရံထားတဲ့ ကွန်ကရစ်တုံးကို တိုက်မိရာ ဒဏ်ရာရသူ ၄ ဦး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပါတယ်။  အောက်တိုဘာ ၉ ရက်နေ့မနက်ပိုင်းက မဲဆောက်ကနေ တာ့ခရိုင်ဘက်ကို ထွက်ခွာသွားတဲ့ အဆိုပါကားဟာ လမ်းအမှတ် ၁၂၊ ကီလိုမီတာ ၅၃ အရောက်မှာ ယာဉ်မောင်းက ကားကို အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးက ကွန်ကရစ်ကို တိုက်မိခဲ့တာပါ။  အဆိုပါ မှန်လုံပေါ်မှာ မြန်မာနိုင်ငံသားတွေရော  ထိုင်းနိုင်ငံသားတွေပါ စုစုပေါင်းခရီးသည် ၁၄ ဦးတို့လိုက်ပါလာရာမှာ အားလုံးလိုလို ဒဏ်ရာရရှိသွားပြီး ၄ ဦးမှာ အတွင်းလူနာအဖြစ် မဲဆောက်မြို့ ပြည်သူ့ဆေးရုံသို့ ပိုဆောင်ကုသခဲ့ကြရပါတယ်။  မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့နဲ့ တာခ်မြို့ကိုအသွားလမ်းနဲ့ အပြန်လမ်းမှာ မကြာခဏဆိုသလို ယာဉ်တိုက်မှုတွေ၊ ကားမီးလောင်တာတွေ ဖြစ်ပွားပြီး မြန်မာနိုင်ငံသားတွေလည်း ယဉ်မတော်တဆမှုကြောင့် များစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဖိုးစီ

A d v e r t i s e m e n t With Us

More News
Up