ရေအားလျှပ်စစ်ဌာနက အရာရှိ ၂ ဦးကို အဂတိမှုဖြင့်စတင် တရားစွဲ
DVB
·
October 10, 2019
အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးနဲ့ ညွှန်ကြားရေးမှူး ဦးမင်းခိုင်တို့ကို အောက်တိုဘာ ၉ ရက်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ စတင် တရားစွဲဆိုလိုက်ပါတယ်။
အဆိုပါအရာရှိ နှစ်ဦးပေါင်း ကျပ်သိန်း ၁၀၀၀ လောက်ကို အာဏာအလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားမှုကျူးလွန်သည်ဟုဆိုကာ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုလိုက်တာပါ။
Photo - Min Sitt Naing / MPA