A d v e r t i s e m e n t With Us

ရူပဗေဒနိုဘယ်ဆုကို ဆွစ်၊ ဗြိတိန်နှင့် အမေရိကန် သိပ္ပံပညာရှင် ၃ ဦး ချီးမြှင့်ခံရ

ဆွစ်လူမျိုး သိပ္ပံပညာရှင် မိုက်ကယ် မေယာဟာ ရူပဗေဒနိုဘယ်ဆု ချီးမြှင့်ခံရအပြီး အောက်တိုဘာ ၉ရက်က စပိန်နိုင်ငံမှာ ဘာသာရပ်ဆိုင်ရာ သင်ကြား ပို့ချဖို့ ရောက်လာပါတယ်။ စကြဝဠာအတွင်း သက်ရှိတွေရဲ့ မူလအစ၊ ခေတ်ပြောင်းတော်လှန်ရေး၊ ဖြန့်ချိရေးနဲ့ အနာဂတ်တွေကို လေ့လာတဲ့ဌာန Astrobiology centre မှာ လာရောက် ပညာသင်ကြားပေးတာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာတက္ကသိုလ်က မေယာနဲ့ သူ့လုပ်ဖော်ကိုင်ဖက် ဗြိတိန်နိုင်ငံ ကိန်းဘရစ်ချ် တက္ကသိုလ်က ဒီဒီယာကေလိုတို့ဟာ လူတွေနေတဲ့ နေအဖွဲ့အစည်းအပြင်ဘက်က ဂြိုဟ်တလုံးကို ရှာတွေ့မှုအတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရဲ့ တဝက်ကို ရခဲ့ကြပါတယ်။ ကျန်တဝက်ကိုတော့ စကြဝဠာ အစပျိုးတဲ့အဆင့်ကနေ ဖြာထွက်လာတဲ့ ရောင်စဉ်တွေကို ခြေရာခံပြီး အဓိပ္ပာယ် ပြန်နိုင်မှုအတွက် အမေရိကန်နိုင်ငံ ပရင့်စ်တွန် တက္ကသိုလ်က ကနေဒါ အမေရိကန် ကပြား  ဂျိမ်းစ် ပီးဘယ်လ်စ်ကို ချီးမြှင့် ခဲ့ပါတယ်။ ဓာတ်ပုံ- Nobel Prize

A d v e r t i s e m e n t With Us

More News
Up