စပါးနည်းပြရာထူးရယူရန် မော်ရင်ဟို စိတ်ဝင်စားနေ
မန်ယူနည်းပြဟောင်းမော်ရင်ဟိုဟာ စပါးနည်းပြရာထူးကိုရယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
စပါးအသင်းဟာ အခုနှစ်ဘောလုံးရာသီ ၁၁ ပွဲမှာ ၃ ပွဲပဲအနိုင်ရခဲ့တာကြောင့် နည်းပြပိုချက်တီနိုရဲ့ အနာဂတ် မတည်မငြိမ်ဖြစ်လာခဲ့တာပါ။
ပေါ်တူဂီသား မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလက မန်ယူအသင်းကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပြီး ရုပ်သံလိုင်းတချို့မှာ ဘောလုံးကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နေ တာဖြစ်ပါတယ်။
ပေါ်တူဂီကလပ် ဘင်ဖီကာနဲ့ တရုတ်စူပါလိဂ် ကလပ်တချို့က ကမ်းလှမ်းခဲ့ပေမယ့်လည်း မော်ရင်ဟို က ပယ်ချခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ စပါးနည်း ပြပိုချက်တီနိုကို အသင်းကထုတ်ပယ်ဖို့ ဆန္ဒမရှိသေးတာ ကြောင့် မော်ရင်ဟိုအတွက် အင်္ဂလန်ကိုပြန်လာနိုင်ဖို့ အခက်အခဲရှိဖို့ ရှိနေပါတယ်။