DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story မှုခင်း သတင်း

မူးယစ်ဆေးမဟုတ်သဖြင့် အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို ပြန်လွှတ်ပေး

  • By ပြည့်ဘုန်းအောင်
  • 9 October 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

မူးယစ်ဆေးဝါးမှုနဲ့ ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို   အောက်တိုဘာ ၉ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ပြန်လွှတ်ပေးလိုက်ပြီလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ဖမ်းမိတဲ့ ဆေးပြားတွေဟာ မူးယစ်ဆေးဝါးမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိရလို့ ပြန်လွှတ်ပေးလိုက်တာလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲမှူး လှဖုန်းကျော်က ပြောပါတယ်။

“သူဆီက ပထမဆုံးမိတဲ့ ကတ်တမင်းဆေးတွေကို ဓာတုဗေဒဝန်ရုံးကို ပို့ပြီးစမ်းသပ်တယ်။ ဒါတွေက မူးယစ်ဆေးဝါးမဟုတ်ကြောင်း ပြန်ကြားချက်ရတယ်။ ရတော့ ခရိုင်ဥပဒေကို ပြန်ပြီးတော့မှ မူးယစ်ဆေးဝါးမဟုတ်ပါဘူး ဆိုပြီး အကြုံပြုချက်တင်တယ်။ မဟုတ်တဲ့အတွက် ကြောင့် မူးယစ်ဆေးဝါးမှုနဲ့ တရားမစွဲဖို့ ဆိုပြီး အကြံပြုချက် ပြန်ရလို့ ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီ ပြန်လွှတ်ပေးလိုက်တာ”

အဆိုတော် ဖြိုးပြည့်စုံ၊ တေးရေး ငြိမ်းချမ်းကိုနဲ့  တေးရေးရော်နီစန်းလွင်တို့ ၃ ယောက်ကို မူးယစ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ မြန်မာပလာဇာက ကော်ဖီဆိုင် တဆိုင်မှာ ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူထားတာ ဖြစ်ပါတယ်။

မူးယစ်ရဲတပ်ဖွဲ့က သတင်းအရ မြန်မာပလာဇာရှိ ကော်ဖီဆိုင် တဆိုင်မှာ  ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို ဝင်ရောက်ရှာဖွေ စစ်ဆေးရာမှ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ ဆေးပြား ၁၀ ပြား၊ အလေးချိန် ၁ ဒသမ ၄၇ ဂရမ် သိမ်းဆည်းရမိလို့ မူးယစ်တပ်ဖွဲ့က တရားလိုပြုလုပ်ကာ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့တာပါ။

ဖြိုးပြည့်စုံကိုယ်တိုင်ကတော့ အဆိုပါ ဆေးဝါးတွေဟာ ထိုင်းကနေ ဝယ်လာတဲ့ ဆေးပြားတွေဖြစ်ကြောင်း  ထွက်ဆိုပြီး မူးယစ်ဆေး မဟုတ်ဘူးလို့ စတင် ဖမ်းဆီးစဉ်ကတည်းက ငြင်းဆိုထားပါတယ်။

Tags: မူးယစ်ဆေးမဟုတ်သဖြင့် အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို ပြန်လွှတ်ပေး

  • Previous story သုတေသနပြုလုပ်ကြရန် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် တိုက်တွန်း  
  • Next story မန်ယူနည်းပြသစ်အဖြစ် နေးဂဲလ်စမန်းကို သဘောကျနေဟု သတင်းထွက်ပေါ်
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကေဖး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      သည်ဟိဟ်မြို့သို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံအားပေးကြသည့် မြန်မာများ

    • gallery

      ICJ တရားရုံးကြားနာပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့တက်ရောက် 

    • gallery

      ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံနေကြသည့် ရန်ကုန်မြို့က လူပင်လယ်မြင်ကွင်း 

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ ဒေးဒရဲမြို့တွင်ကျင်းပ 

    • gallery

      အိုင်စီဂျေ တရားရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ မြင်ကွင်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 02 ဘုတလင်မြို့နယ်တွင် သားအမိ ၂ ဦး အသတ်ခံရ
    • 03 စိုင်းထီးဆိုင်ရဲ့ ‘ဒီဆောင်းတစ်ည’သီချင်းကို ကိုယ်ပိုင်ဟန်ဖြင့် အစွမ်းပြသီဆိုခဲ့သူ အေးမြဖြူ(ရုပ်သံ)
    • 04 မြေပုံထိပ်ဖျား သဘာဝအလှတရား (ဓာတ်ပုံ)
    • 05 ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပု ပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပွဲတော် ပဲခူးတွင် ကျင်းပ (ဓာတ်ပုံ)
    • 01 လက်တင်အမေရိကနိုင်ငံများ အဓိကရုဏ်းအခြေအနေ မရောက်ရန် အမေရိကန် ကူညီမည်
    • 02 ICJ တရားရုံးတွင် ရှေ့နေ ခရစ္စတိုဖာစတိတ်ကာ၏ ထွက်ဆိုချက် 
    • 03 ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၃ ဦး သေဆုံး
    • 04 မသန်စွမ်းသူများထံ သတင်းအချက်အလက်ရရှိမှု အားနည်းနေ
    • 05 ဆူဒန် ကြွေထည်စက်ရုံတွင် ဓာတ်ငွေ့သယ်ယာဉ် မီးလောင်ပေါက်ကွဲ၊ ၂၃ ဦးသေဆုံး
    • 01 ICJ တရားရုံးတွင် ရှေ့နေ ခရစ္စတိုဖာစတိတ်ကာ၏ ထွက်ဆိုချက် 
    • 02 ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
    • 03 ICJ တရားရုံး၌ မြန်မာဘက်ကရှေ့နေ ပါမောက္ခ ဝီလျံရှာဘတ်စ်၏ ထွက်ဆိုချက်များ 
    • 04 ICJ တရားရုံးရှေ့၌ အတိုင်ပင်ခံပုဂ္ဂိုလ်ကို လာရောက်ဝန်းရံအားပေးကြသည့် မြန်မာလူထုအသံ 
    • 05 အိမ်နီးချင်း ၃ နိုင်ငံက တိုင်းရင်းသားများအား နိုင်ငံသားပေးမည့် ဥပဒေမူကြမ်းကို အိန္ဒိယတွင် ဆန္ဒပြ
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.